<Unicode>
ညရောက်နေပြီဖြစ်သော်လဲ ကပ္ပတိန့်အသံလေးအား ကြားချင်လွန်း၍ သူမအိပ်နိုင်သေး အခန်းထဲလမ်းပတ်လျှောက်နေမိကာ အိမ်မပြန်ခင် အလွတ်မှတ်ခဲ့သော စစ်တပ်ကဖုန်းနံပါတ်လေးအား နှိပ်လိုက်မိသည်
"" hello ""
"" ကျွန်တော် ကပ္ပတိန် Kim Seokjin နဲ့ စကားပြောလို့ရမလား ""
"". ........""
"" ကျွန်တော်က သူ့ဝမ်းကွဲညီပါ ""
Jimin တယောက် jungkook အခန်းရှေ့ကနေဖြတ်သွားရင်း ကပ္ပတိန်ဆိုတဲ့အသံကြားတာမို့ ပြုံးလိုက်မိသည် ဒီကောင်လေးညကြီးမိုးချုပ်မအိပ်သေးပဲ ဘာတွေကြံစည်နေတာပါလိမ့်
"" အင်း ကျွန်တော်သူ့ကို ဖုန်းထပ်ဆက်လိုက်ပါ့မယ် ""
သူရေချိုးပြီးဝတ်ထားမိတဲ့ ကပ္ပတိန်ရဲ့စစ်ဝတ်စုံလေးအား နမ်းရှိုက်မိသေးသည် ကပ္ပတိန့်ကိုယ်သင်းနံ့လေး စွဲထင်နေတုန်းပဲ သဘောကျလိုက်တာ ဒီဝတ်စုံလေးက သူ့ကိုရေကန်ကနေ စခန်းခေါ်သွားတုန်းက အေးနေမှာစိုးပြီး ခဏဝတ်ဖို့ ပေးထားတဲ့ဝတ်စုံလေး သူပြန်မပေးဖြစ်ပဲ ယူထားမိခြင်းဖြစ်သည်
မနက်စာ စားပြီးသည့်နောက် Jimin နဲ့အတူ ပန်းပင်လေးတွေ ရေလောင်းနေကြသည်
"" ဒီဇာတ်လမ်းမှာ အနိမ့်အမြင့်တွေ အတော်များတာပဲ ""
"" ဘယ်ဇာတ်လမ်းလဲ ""
"" မင်းမနေ့ညက ဖုန်းခေါ်နေတဲ့လူပါတဲ့ဇာတ်လမ်းလေ ""
"" ငါကျေးဇူးတင်စကားပြောဖို့ ဖုန်းဆက်တာပါ ""
"" ဟုတ်လား အချစ်ကဖုန်းကနေစတာပဲ အချစ်လေး ""
"" မင်းဘာတွေပြောနေတာလဲ jimin သူနဲ့ငါ ဘာပတ်သက်မှုမှမရှိပါဘူး ဟုတ်ပြီလား လေးရက်လောက်နဲ့ ပတ်သက်မှုတစ်ခုခုရှိလာမယ်လို့ ထင်နေတာလား ""
"" ပတ်သက်မှုတဲ့လား ငါဘာမှမပြောရသေးဘူးနော် ""
စပ်ဖြီးဖြီးနဲ့ပြောလာသော jimin စကားကြောင့် သူ jimin လက်ထဲကပိုးသတ်ဆေးဗူးယူကာ အပင်ငယ်လေးတွေကို ပက်ဖြန်းနေမိသည်
"" သူအရပ်ရှည်လား ""
"" ငါသေချာမကြည့်မိပေမဲ့ ငါ့ထက်တော့ ရှည်တယ် သူက ကပ္ပတိန်လေ ""
သူ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေ အရောင်တောက်လာခဲ့သည်
"" သူကအသားဖြူလား အသားမည်းလား ""
"" အရမ်းအသားဖြူတယ် လုံးဝကို မထိရက် မကိုင်ရက်လေး ဖြူဥနေတာ ""
"" သူ့ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကရော ငါထင်တာတော့ ကြွက်သားခြောက်ခုနဲ့ ဥာဏ်ကောင်းတယ် ရုပ်ရည်က ပုံမှန်ပဲမလား ""
"" မဟုတ်ဖူး သူ့ခန္ဓာကိုယ်က အရမ်းမိုက်တယ် ချောလဲချောတယ် ""
"" သူ့နာမည်ကရော ""
"" Seokjin အမ်း CKSJ ""
"" မျိုးရိုးနာမည်ကရော ""
"" OMG Jimin ရေ ဘယ်လိုဖြစ်နေတာလဲ ""
"" ပြောစမ်းပါ ""
"" Kim တော်ဝင်မျိုးရိုးလေ Gwangsankim ""
"" မင်းအစကထဲက နာမည်အပြည့်အစုံပြောပါလား ""
"" ဟုတ်ပြီ C = ကပ္ပတိန် , K = gwangsankim, S = seok , J = jin ရပြီလား ""
"" မင်းပြောတာမှန်တယ် မင်းကလေးရက်လောက်နဲ့ ပတ်သက်မှုရှိလာမဲ့သူ မဟုတ်ဖူး ""
"" အင်း ""
သူကျောင်းသွားဖို့ အိမ်ရှေ့အထွက် အုတ်တံတိုင်းပေါ်က ထိုင်စောင့်နေတဲ့ အထက်တန်းကျောင်းသားလေး
"" အစ်ကို ကျွန်တော်အစ်ကိုနဲ့အတူ လိုက်ခဲ့လိုရမလား ""
"" ဟေး ကောင်လေး ဘုရားသခင်က ကိုယ့်ကိုစောင့်ခိုင်းဖို့ မင်းကိုဖန်တီးထားတာ ကိုယ့်ကိုထားသွားဖို့မဟုတ်ဖူး အဲ့ဒါကြောင့် စောင့်နေ ထာဝရပဲ ""
ကောင်လေးကိုစနောက်ပြီး ထွက်လာခဲ့လိုက်သည်
"" okay ""
ကျောင်းရောက်တော့လဲ စာထဲစိတ်မဝင်စားနိုင် ကပ္ပတိန့်ပုံတွေပဲ ထိုင်ဆွဲနေမိသည်
"" jimin မင်းအမြဲတမ်း စစ်တပ်အရာရှိနဲ့ပဲ လက်ထပ်ချင်ခဲ့တာမလား ""
အဝတ်တွေသိမ်းနေတဲ့ jimin အနားသွားကာ စပ်စုနေမိသည်
"" မဟုတ်ဖူး ငါအမေရိကန် NRI နဲ့ လက်ထပ်ချင်ခဲ့တာ ဒါပေမဲ့ မင်းအစ်ကိုက ရောက်လာခဲ့လို့လေ ""
"" အင်းအမှန်ပဲ သူကထက်မြက်တယ်လေ ""
မှန်ရှေ့မှာ အလေးပြုနည်းတွေ သူလေ့ကျင့်နေမိသည် ထိုအချိန်မှန်ထဲမှာပေါ်လာတဲ့ ကပ္ပတိန်က သူ့ကိုအလေးပြုနည်းသေချာသင်ပေးနေပြန်သည် သူသဘောကျစွာရယ်လိုက်ပြီး နောက်လှည့်ကြည့်တော့ ကပ္ပတိန်က ရှိမနေတော့ သူ့ခေါင်းကိုသူအသာပုတ်လိုက်မိသည် ရူးနေပြီပဲ
မနက်ခင်းအားကစားလုပ်ရင်း jin သူ့အခန်းဖော်သူငယ်ချင်းအား မေးမြန်းနေမိသည်
"" မင်းက seoul ကမလား ""
"" အင်း ငါ့အဖေနဲ့အဖိုးကတော့ အဲ့ကပဲ ငါတော့ အဲ့ကိုမရောက်ဖူးဘူး ""
"" အဲ့မြို့က ဘယ်လိုနေလဲ ""
"" ငါမရောက်ဖူးဘူးလို့ ပြောနေတာလေ ""
အခန်းထဲမှာ ပျင်းနေတာနှင့် စကားလုံးတွေ ထိုင်ဆက်နေမိသည် လူကသာစကားလုံးဆက်နေတာ အတွေးများကတော့ ကပ္ပတိန့်ဆီမှာသာတဝဲလည်လည်
"" ခင်ဗျား ကျွန်တော့်အပေါ် အရမ်းလွှမ်းမိုးနိုင်တာပဲ အဲ့ဒါတွေ ခင်ဗျားသိမှာ မဟုတ်ပါဘူး ""