Safe place ( One short )

25 6 0
                                    

" ကိုကို ခင်ဗျား ကိုအဲ့လူနဲ့ မပေါင်းနဲ့လို့ပြောထားတယ်လေ "

Junghwan တစ်ယောက်လူကိုရှေ့ထားပီးအားမနာတန်းပြောလိုက်တော့တာပါဘဲ။ ကိုယ့်ထက်အသက်ငယ်တဲ့သူကို ရည်းစားတော်ထားရတော့လဲ Ruto
တစ်ယောက် မနည်းသည်းခံနေရသည်။ ငယ်တော့လဲ အသက်လေးက တစ်နှစ် ကို မသိရင် လေးငါးနှစ်ငယ်သလိုဘဲ ဆိုးနေလိုက်တာ။

" Junghwan အားနာစရာကြီး
ဘာလို့ အဲ့လိုပြောတာလဲ ပီးတော့ သူဘယ်သူလဲရော မင်းသိလား "

" မသိဘူး မသိချင်ဘူး ကိုကို သာအဲ့ခေါင်းနီ ကြီးနဲ့မပေါင်းနဲ့ "

" အဲ့တာငါ့ အကို ဟေ့ အကို "

Ruto စိတ်မရှည်စွာဖြင့်ပြောလိုက်တော့မှ ကြောင်အအ လေးဖြစ်နေသော Junghwan ကို Yoshi ကနှုတ်ဆက်လိုက်သည်။

" အကို့ နာမည် က Kanemoto Yoshinori ပါ။ မင်း ကိုကို လို့ခေါ်တဲ့ သူရဲ့ အကို ဝမ်းကွဲပါ "

" Sorry ပါ....ကျွန်တော်သဝန်တိုသွားလို့ "

" ဖြစ်တတ်ပါတယ် "

_______________________________

ညနေစောင်းအချိန်မို့လို့ ဟန်မြစ် မှာ အတွဲတချို့ နဲ့ တခြားသူအချို့လဲ ရှိနေသည်။
Ruto ကတော့ ချိန်းထားပီး အချိန်မှီမလာ တဲ့ သူကို စောင့်နေပါတော့သည်။

" ကိုကို ရောက်နေတာကြာပီလားဟင် "

" ဘယ်ချိန်ရှိနေပီလဲ "

Junghwan လက်မှာပတ်ထားသောနာရီ ကိုကြည့်လိုက်သည်။

" 30 minutes ဘဲနောက်ကြတာပါ ကိုကို ကလည်း "

" နည်းလား Junghwan မတွေ့ချင်ရင် အစော တည်းက မချိန်းနဲ့လေ "

" ကိုကို နော် ကျွန်တော်က ဝယ်စရာလေးရှိလို့ နောက်ကျတာပါ "

ပြောရင်းဆိုရင်း ဘောင်းဘီ အိတ်ကပ် ထဲ က ဘူး‌ေလးတစ်ဘူးကိုထုတ် လိုက်သည်။

" ရော့ "

" ဘာလဲ မယူဘူး "

" သေချာလား "

" သေချာတယ် "

" အဲ့တာဆိုလဲ ဝယ်လာတဲ့ လက်စွပ် ကိုလွှင့်ပစ်လိုက် ယုံပေါ့ "

ပြောပြောရင်း လက်ကိုလွှဲလိုက်မို့ Ruto အမြန်တားလိုက်သည်။
လက်စွပ် ကဈေးကြီးတယ်မလား။
ဒီကလေး လုပ်ချင်တိုင်းလုပ်ခွင့်ပေးထားရအောင် ဒီတစ်‌ေခါက် ပစ္စည်းက ပေါ့တန်တန်မှ မဟုတ်ဘဲ။

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

Safe place ( One short )Where stories live. Discover now