ကချေသည် (Unicode)

809 33 3
                                    


Happy new year နေ့ ကျွန်တော့်မွေးနေ့ နောက်နေ့ပေါ့  ကျွန်တော် အချိန်ပိုင်း အလုပ်ပီးတော့ အိမ်ပြန်လာတယ်  အဲ့နေ့ညကြ ကျွန်တော်တို့ ရပ်ကွက် က မီးတိုင်လေး မီးပျက်နေတယ် ဆင်းရဲသားရပ်ကွက်ဆိုတော့ အခြားနေရာတွေလို CCTV မရှိဘူးပေါ့ Happy New Year ကျင်းပဖို့ ကြက်ကြော်နဲ့ အအေးအချို့ ကျွန်တော့်အိမ်အတွက် ကျွန်တော် ဝယ်လာတယ် လမ်းတစ်ဝက်လဲရောက်ရော  တစ်ယောက်ယောက် ကျွန်တော့်နာမည် ခေါ်တဲ့အသံကြားလိုက်တယ်
"Kim Taehyung "    နောက်လှည့်ကြည့်လိုက်တဲ့ အချိန် လူ 2 ယောက် ကျွန်တော့်ကို တစ်ခုခုနဲ့အုပ်ပီး ကျွန်တော် မေ့လဲသွားခဲ့တယ် ကျွန်တော်နောကိပိုင်း ဘာဆက်ဖစ်သွားလဲ ကျွန်တော် မသိလိုက်ဘူး

မျက်လုံး နှစ်လုံးဖွင့်လာတော့ ကျွန်တော့် လက်နှစ်ဖက်လုံးမှာ သံကြိုးတွေနဲ့ လည်ပင်းမှာလဲ သံကြိုးကွင်းကြီးနဲ့ ပါးစပ်ကိုလည်း အဝတ်စတစ်ခုနဲ့ ချီထားတယ် ကျွန်တော် ဘယ်ရောက်နေလဲ မသိဘူး အဲ့ချိန်မှာ လက်ကာအရှည်ကြီး ကျွန်တော့်အရှေ့ကနေ ပွင့်လာပီး လူတွေရဲ့ လက်ခုပ်တီးခံ အော်နေတဲ့အသံတွေကြားနေရတယ် ရုတ်တရက် ကျွန်တော့်ဆီကို မီးလင်းလာတယ် ဘေးနားမှာ လူတစ်ယောက်လာရပ်နေပီး
"လူကြီးမင်းတို့ခင်ဗျ ဒီတစ်ခါပြမှာကတော့ Kim မျိုးရိုးဖစ်ပီး အရှားတကာ့ အရှားထဲက အလှလေးကို မိတ်ဆက်ပေးချင်ပါတယ် တကယ့်ကို အလှလေးနော် လူကြီးမင်းတို့ ဒီလို အလှမျိုးကို နောက်တစ်ခါ ရဖို့ဆိုတာ မကျိန်းသေးတော့ဘူး အခွင့်အရေးရတုန်း အပိုင်ယူထားသင့်တယ် ကဲဈေးလေးကတော့ ဒေါ်လာ 50သန်းက စပါမယ်ဗျ "

အဲ့ချိန်လူတွေတစ်ယောက်နှင့်တစ်ယောက်ကျွန်တော့်ကို အပြိုင် လုနေကြသည်
"ဒေါ်လာ သန်း 60"
"65သန်း "
"သန်း 70"
"75သန်း"
"သန်း 80 "
လူတွေအားလုံးတိတ်ဆိတ်သွားသည်
"သန်း 80 ကနောက်ဆုံးပဲလားဗျ ဒါဆို ဒီ Kim မျိုးရိုးကောင်လေးကို ရရှိ..."လူတစ်ယောက် ပျွန်တော့်တို့ဆီ လျှောက်လှမ်းလာပီး
"ဒီမှာ ဒေါ်လာ သန်း100  ငွေသားနဲ့ လက်ငင်းရှင်းတယ် ဒီတစ်ယောက်က ကျွန်တော့်အပိုင်ပဲ"

ကျွန်တော် မျက်စိတွေ ဝေဝါးလာသည် ကျွန်တော် နိုးလာတော့ ကုတင်တစ်ခုတွင် ကျွန်တော်ရောက်နေသည် ကျွန်တော်ကုတင်ဘေးတွင် လူတစ်ယောက်ထိုင်နေသည် ကျွန်တော်လဲ ကြောက်ကြောက်လန့်လန့်နှင့် စောင်များကို ဖယ်ကာ ကုတင် အစွန်သို့ တိုးသွားလေသည် နှုတ်ဖျားမှ စကားပြောသံတွေကလည်း တုန်တုန်ရီရီဖစ်နေသည်
"ကျွန်...ကျွန်တော် ဘယ်ရောက်နေတာလဲ ခင်ဗျားကရော ဘယ်သူလဲ"
ထိုလူ ကျွန်တော့်အသံကြားလို့ ထင်တယ် ကျွန်တော့်ဆီသို့ မျက်နှာလှည့်လာသည် ကျွန်တော့်အထင် ထိုလူမှာ ခန့်ငြား၍ တော်တော် ချောမည့်အထဲတွင်ပါမည် ထင်သည်
"မင်းနိုးလာပီလား ကိုယ့်ကို မင်း မမှတ်မိဘူးလား"
ကျွန်တော် ခေါင်းတွေ ဆက်တိုက်ခါကာ
"မသိဘူး ကျွန်တော် အိမ်ပြန်ချင်တယ် အိမ်မှာ ကျွန်တော့် အမေနဲ့ ညီလေးစောင့်နေလောက်ပီ ကျွန်တော် ပြန်မယ် ကျွန်တော့်ကို ပြန်ခွင့်ပြုပါ"

ကချေသည်Where stories live. Discover now