"ညီညီ မြန်မြန်လာတော့..."
"ဂျီဂျီက စောမရောက်လို့ ကောက်နေအုံးမယ်..."
ဒီနေ့ နေရောင်တို့ကျောင်းဖွင့်ပေမယ့်လည်း ဦးတည်ခေါ်ထားတာကြောင့် ကျောင်းသွားမတက်ဖြစ်ပေ။ဂျီဂျီကလည်း သူတို့ကျောင်းက နေ့တစ်ပိုင်းဆင်းမည်ဆိုတာကြောင့် သွားကြိုရပေအုံးမည်။
ကလင်...ကလင်...
"အင်း...မဟာ..."
"......"
"ဦးတည်ရုံးရောက်နေလို့...."
"ဂျီဂျီ့ကို ကျောင်းကြိုပြီးရင် ၀င်ခဲ့မယ်...."
"ညီညီ...မဟာတို့က အိမ်လာခဲ့အုံးတဲ့.."
"ဂျီဂျီကို အိမ်ပြန်ပို့ပြီးရင်သွားကြရအောင်"
"သွားမယ်လေ...ဒါနဲ့သူတို့က ဒီနေ့အတန်းမတက်ဘူးလား..."
"မနက်ပိုင်းတက်တယ်တဲ့..."
"သွားမယ် "
ညီကိုနှစ်ယောက် စကားတစ်ပြောပြောနဲ့ ကားပါကင်ကို ထွက်လာခဲ့သည်။ဒါ့အပြင် အခုချိန်ထိ Company ကနေမပြန်သေးသည့် အတ္တဟာလည်း သူတို့ညီကိုနှစ်ယောက်ထွက်လာကို ကြည့်နေခဲ့သည်။
........
"ဒယ်ဒီ ကျွန်တော်ဘွဲ့ယူပြီးရင် Company မှာအောက်ခြေ၀န်ထမ်းကနေစပြီး အလုပ်၀င်လုပ်ချင်တယ်..."
"သားက ဘာဖြစ်လို့ လုပ်မှာလဲ"
"Company မှာက သားကိုမသိတဲ့သူ မရှိဘူးလေ"
"ကျွန်တော်လည်း ဒယ်ဒီ့ဆီမှာ လုပ်မှာမဟုတ်ပါဘူး...."
"ဦးမိုးဦးရဲ့ Company မှာ သွားလုပ်ချင်တာ..."
"ဟင်...."
အတ္တရဲ့စကားကြောင့် ဦးလွှမ်းရောင် အံ့ဩသွားသည်။သူတို့လို top ten list စာရင်း၀င် သူဌေးတွေအနေနဲ့ လုပ်ငန်းအတွေ့အကြုံယူချင်ရင်တောင် သူတို့လက်အောက် company အခွဲသေးသေးလေးတွေမှာ လူမသိသူမသိ ၀င်လုပ်လို့ရနိုင်သည်။
ဒါကို သားတော်မောင်က သူ့မိတ်ဆွေ company တောင်မဟုတ်ဘူး သူ့မိတ်ဆွေရဲ့ ညီဆီမှာ အလုပ်၀င်လုပ်ချင်တယ် ဆိုတာကြောင့် အနည်းငယ်စဉ်းစားလိုက်ရသည်။
YOU ARE READING
Accident (Season 2) OR Bring Me Back
Fantasiaရုပ်ချင်းခွဲမရအောင်တူတဲ့သူတဲ့ ညီကိုနှစ်ယောက်ထဲကတစ်ယောက်ကို ချစ်မိတဲ့အခါ လူမှားမှာမကြောက်ဘူးလားတဲ့။ ရုပ်ချင်းပဲ ခွဲမရတာ နှလုံးသားကခွဲလို့ရတယ် နှလုံးသားကသူ့ရဲ့ ပိုင်ရှင်အစစ်အမှန်ကို တွေ့တဲ့အခါမှ ရင်ခုန်တာ။ Started date - 26.2.2024 Ending date -