Chapter 19 (The End)

1.3K 34 4
                                    

Becky's Pov

Becky:'မမ'ရေ.....

Freen:အင်း.....

Becky:ဟင်ဘယ်လိုကြီးထူးတာလဲ။

Freen:ဘယ်လိုထူးထူးပေါ့ထူးရင်ပြီးရောမဟုတ်ဘူးလား။

Becky:အင်းပါ....

      မျက်နှာလေးညှိုးသွားသောကလေးပေါက်အား Freen သနားသွား၏။

Freen:ပေါက်စရယ်မျက်နှာလေးချက်ချင်းညှိုးသွားတာပဲ။

Becky:'မ'ကငယ့်ကိုမချစ်တော့ဘူး....ဟင့်

Freen:ဘယ်သူပြောလဲ။ချစ်တာပေါ့'မ'မှာဒီကလေးလေးပဲရှိတာကိုကွယ်။

Becky:ချစ်ရင်Bubble teaဝယ်တိုက်။

Freen:လာသွားသောက်မယ်။

Becky:ဟီး'' ဒါမှတို့'မမ'ကွ....

       လိုချင်တာရလို့ပျော်နေတဲ့ကလေးပေါက်ရယ် သူ့ကလေးပျော်နေတာကိုသဘောကျနေတဲ့ 'မမ' တို့နှစ်ယောက်က လိုက်ဖက်လွန်းလှပါတယ်။

Freen:သဲငယ် 'မ'ဖုန်းသွားပြောလိုက်အုံးမယ် ဆိုင်ထဲမှာပဲစောင့်နေနော် ဘယ်မှမသွားနဲ့ကြားလား။

Becky:ဟုတ်ကဲ့။

Freen:ဖုန်းပြောပြီးတာနဲ့ပြန်လာခဲ့မယ်။ခဏပဲ။

       Freenတစ်ယောက်ထထွက်သွားပြီးခဏ အကြာ.......

Becky:ဟာ ကိုကို......

Richie:ဟာ ပေါက်စ ဘယ်လိုလုပ်ဒီရောက်နေတာလဲ။

Becky:ကောင်မလေးနဲ့စိတ်ပြေလက်ပျောက် ဒီမှာတစ်ပတ်လောက်နေမလို့။

Richie:သာယာနေတာပေါ့။

Becky:ဟီး''ကိုကို ကကော။

Richie:အလုပ်ရှိလို့လာရင်းလမ်းကြုံလို့ဝင်လာတာ။

Becky:အော်။

Richie:ငါ့ညီမလေးတောင် ကောင်မလေးရနေပြီ။

Becky:ကိုကိုး ပဲကျန်တော့တာလေ။

Richie:ဟား''လူကိုအထင်သေးလို့။

Becky:နောက်ကျမှ ကိုကိုးနဲ့'မ'ကိုမိတ်ဆက်ပေးမယ်နော်။

Richie:ဟုတ်ပါပြီ။

          မောင်နှမနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပုံကို Freen တစ်ယောက်မြင်သွားလေသည်သာမက သူ့ကလေးပါးစပ်မှ ထွက်သွားသော ကိုကိုဆိုသည့် နာမ်စားကြောင့် မျက်ရည်များကျလာလျက်။

Last BreathWhere stories live. Discover now