11~💛

43 2 4
                                    

စိတ်ဆိုးနေတဲ့ကောင်လေးကို မုဏ်း လွတ်ထားလိုက်တယ်

လွန်း  ထိုလူကြီးကိုတကယ်စိတ်ဆိုးရပါသည်
ဟုတ်တယ်လေ ကိုယ်ကသွားချင်လို့သူ့ကိုပူဆာတာကိုလိုက်မပို့ဘူး ခွန်းနေ တို့နဲ့သွားလို့တော့ရပါတယ် ဟိုလူကြီးမပါတော့မသွားချင်လို့ အဲ့မို့သူ့ကိုခေါ်ပါတယ်ဆို သူကမသွားရဘူးကြီးဘဲပြောနေတော့တကယ်စိတ်အချဥ်ဖောက်လာရတယ်

ခုလဲအိမ်ပြန်ရောက်တည်းက အခန်းဝင်ပြီးစောင်ခေါင်းမူးခြုံပြီးနေလိုက်တယ် ဘယ်သူ့မှလဲစကားပြောချင်စိတ်မရှိ

ထမင်းစားဖို့လာခေါ်တာတောင်ဗိုက်မစာဘူးဆိုပြီး
ငြင်းလွှတ်လိုက်တယ်

ခုဆို ညတောင်ရောက်နေပီ ဟိုလူကြီးကလဲသူ့ကိုစကားလာမပြောဘူး

'ဟွန့် မပြောချင်လဲနေပေါ့ သူမပြောလို့ငါကဘာလုပ်ရမှာလဲ
နေပေါ့ မပြောဘူး'

မျက်နှာကတော့ဘာမှမဖြစ်ပင်မဲ့ စိတ်ထဲမှာတော့ လွန်း တယောက်ကမ္ဘာတွေပျက်လျက်

"အား.......စိတ်တိုလိုက်တာ "

လူအိပ်ချိန်မို့ လွန်း လဲအကျယ်ကြီးမအော်ရဲ

မုဏ်းတယောက်အခန်းထဲဝင်လာတော့ ကောင်လေးက
ပါးစပ်ကနေ ပွစိပွစိနက်ဘာတွေပြောနေတာလဲမသိပါဘူး
သေချာတာကတော့ သူ့ကိုအတင်းပြောနေတာပေါ့

သူဝင်လာတာလဲမြင်ရောတဖက်ကိုစောင်းအိပ်သွားတယ်
ဒါကတော့သူ မုဏ်း မျက်နှာကိုမမြင်ချင်ဘူးပေါ့

ကောင်လေးကတကယ့်အဆိုးလေး
သူလဲအိပ်ရာပြင်ပြီး တန်းအိပ်လိုက်တော့တယ်
သူသွားချော့လို့မဖြစ်ပါ မဟုတ်ရင်ဒီထက်ပိုးဆိုးလာတော့မှာ
သူဆိုးချင်တိုင်းဆိုးလို့ရတယ်ဆိုပြီး

တဖက်ကလွန်းမှာတော့
ဟိုလူကြီး ဝင်လာတာကိုသိပါတယ် တမင်တဖက်စောင်းအိပ်ပလိုက်တာ
နောက်တော့သူ့ဟာသူအိပ်ရာလုပ်ပြီးအိပ်သွားတော့
ကျန်ခဲ့တဲ့လွန်းမှာ ဒေါသဘလပွနက်ကျန်ခဲ့တယ်

'ဘာလဲ သူင့ကိုဘာမှမပြောဘူးလား မဟုတ်သေးဘူးလေ တခုခုတော့ပြောအုံးလေ တော်ပီဟာသူ့ဟာသူပြောပြော မပြောပြော ငါကဘာလုပ်ရမှာလဲ သူတောင်နေနိုင်သေးတာဘဲ ငါကဘာလို့မနေနိုင်ရမှာလဲ ဟွန့် '

မုဏ်း Where stories live. Discover now