12~💛

38 2 2
                                    

"ဘာ..ဘာပြောလိုက်တယ် ခွန်းနေ ဟွတ်.."

"လွန်း အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ"

မုဏ်း လဲ လွန်း နဲ့ ခွန်းနေ တို့စကားပြောနေတာက်ို နဲနဲဝေးဝေးကနေကြည့်နေလိုက်တယ်
ခနနေတော့ ခွန်းနေ ကဘာပြောလိုက်လဲမသိ
ကောင်လေးကသီးပါလေရော
သူလဲကောင်လေးအနားကိုဘယ်လိုဘယ်ပုံရောက်သွားမှန်းမသိ
သူမေးတာဖြေဖို့နေနေသာသာ သူ့ကိုမြင်တာနက် မျက်နှာကပိုနီရဲပီး ချောင်းပိုဆိုးလာတယ်

"လွန်း အဆင်ပြေရဲ့လား"

သူနောက်ကျောလေးကိုဖွဖွလေးထုပီးသက်သာအောင်လုပ်ပေးလိုက်တယ်

"ဟုတ်  ဟုတ် သား အဆင် ပြေပ့ တယ်"

"ကိုယ်ပြောတယ်မလား အပြင်မထွက်ပါနက်လို့ ခုတော့မျက်နှာတွေရဲနေပြီ နေမကောင်းဖြစ်တော့မှာဘဲကွာ"

"မ..မရဲပါဘူး..ဘယ်..ဘယ်မှာရဲလို့လဲ"

တကယ်တော့သူနေမကောင်းချင်လို့မဟုတ် ရှက်လို့မျက်နှာကြီးရဲနေခြင်းသာ
သူ့ရှေ့ကကောင်လေးရှက်ရမ်းရမ်းနေတာလေးကတကယ်ချစ်စရာလေး
ခွန်းနေ ပြောလိုက်တဲ့စကားကိုရှက်နေပုံပင် ဘာပြောလိုက်တယ်မသိ

ခန ကောင်မလေးအကြောင်းပြောလိုက်လို့လား
သူ့မှာကြိုက်နေတဲ့သူများရှိနေတာလား
ဒါမှမဟုတ်သူ့ကိုကြိုက်နေတဲ့သူများရှိနေတာလား
ဘယ်ကလဲ ဘယ်သူလဲ

ဟက် ဘာလဲဖြစ်ဖြစ် မုဏ်း အပိုင်ကိုလာထိရင် သွားရမယ့်လမ်းက သေလမ်းဘဲ

အတွေးတွေကမျက်နှာမှာနေရာယူလျက်

'မဖြစ်တေးပ့ဘူး လွန်း ကိုရေမကစားခိုင်းတော့ဘူး
အိမ်အမြန်ပြန်ရမယ် '

သူ့နားကထွက်သွားပီးရေပြန်ဆော့နေတဲ့ကောင်လေးကိုပြန်ဖို့ခေါ်ရတော့မယ်

"လွန်း "

"ဗျာ"

"ပြန်ရအောင်"

"ဟင် ပြန်တော့မလို့လား"

"အင်း ပြန်မယ်"

"ခနလေးပါ ဦးမုဏ်း ကလဲ သားကခုမှရေဆော့တာလေ
  ၁၅ မိနစ်တောင်မရှိတေးဘူး"

မုဏ်း Where stories live. Discover now