( ၅ )

171 15 0
                                    

[ Uni ]

အရွယ်ရင့်‌နေပြီဖြစ်တဲ့ ချယ်ရီပင်အိုကြီးမှာ သူ့အချိန်သူ့အခါကြောင့် အပွင့်များ မြိုင်ဆိုင်စွာ ပွင့်ဝေနေကြသည်။ ထိုချယ်ရီပင်ကြီးအောက်တွင်တော့ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ လူကြီးတစ်ယောက်။ အရာအားလုံးကို ကျေနပ်နေတဲ့ဟန်ဖြင့် ပြုံးနေသည်။ အရေးအကြောင်း ပေါ်နေသည့် ပါးရိုးကို ခပ်ဖွဖွပွတ်ပြီး တပ်ထားတဲ့ မျက်မှန်ကိုပါ ချွတ်ယူလိုက်သည်။

" ကိုယ်တို့ လွတ်လပ်ပြီထင်တယ် ကလေး။ "

ထိုလူက ခပ်တိုးတိုး ရေရွှတ်ပြီး ချယ်ရီပင်ကြီးရဲ့ အောက်က ဘယ်ဘက်တိုးတိုးမှာရှိနေတဲ့ ခုံတန်းလေးတွင် သွားထိုင်သည်။

ထိုလူကတော့ ပတ်ချန်းယောလ်ပင်။ ဒိုဂယောင်ဆူးဆိုတဲ့ ဖြစ်တည်မှု့ကို မမေ့မပျောက်နိုင်ခဲ့တဲ့ ပတ်ချန်းယောလ်ပင်။ လွန်ခဲ့တဲ့ နှစ်တွေကို ဒိုဂယောင်ဆူးဆိုတဲ့ အရိပ်အောက်မှာ ရှိနေခဲ့ရတာဟာ လူ့သက်တမ်းတစ်လျှောက် ရသင့်ရထိုက်သည့် ပျော်ရွှင်မှု့တွေဖြစ်ကြောင်း ယုံကြည်သည်။

" ကလေး ကိုယ့်ကို ပေးထားတဲ့ ကတိ။ မှတ်မိသေးလား။ "

ချန်းယောလ် လက်ထဲမှာ ဘောင်ကွပ်ထားတဲ့ ဂယောင်‌ဆူးရဲ့ ဓာတ်ပုံလေးရှိသည်။ ဂယောင်‌ဆူးဟာ အမြဲတမ်း ဖြူဖြူစင်စင်ပြုံးပြနေခဲ့တာ။ နှစ်တွေအများကြီး ကုန်လွန်လာခဲ့ပေမဲ့ ချန်း‌ယောလ်က ဂယောင်ဆူးအပေါ် ခံစားချက်က အရှိအတိုင်းရှိသည်။
ချန်းယောလ် အမှန်တော့ ဂယောင်ဆူးရဲ့ အရိုးပြာအိုးရှိတဲ့ နေရာကနေ လာခဲ့တာဖြစ်သည်။ ဂယောင်ဆူး သေဆုံးသွားသည့်တိုင် ချန်းယောလ်က ဂယောင်ဆူးကို မပစ်ပယ်ခဲ့နိုင်။ သို့ပေမဲ့ ဂယောင်ဆူး သူ့အနားမှာ တကယ် နတ္ထိမရှိတော့ကြောင်းကို လက်သင့်ခံတာ သုံးနှစ်မျှသာရှိသေးသည်။ သုံးနှစ်။ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ချစ်ရတဲ့သူကို အနားတွင် ရှိစေချင်သည့်စိတ်က ပိုကြီးစိုးလာသလို တစ်ဖက်ကလည်း အရာအာလုံးဆီကနေ လွှတ်မြှောက်ချင်လာသည်။

" ကလေးပြောခဲ့တယ်လေ။ ကိုယ့်ကို ထာဝရအမြဲချစ်နေမှာဆို။ အဲ့ဒီအဓိပ္ပါယ်ကြောင့် ကလေးက Baby breath ပန်းလေးတွေကို သဘောကျခဲ့တာမလား။ "

|| Baby breath || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now