Part 15

95 15 15
                                    

" တင်း တောင် "!

" ဘယ်သူလဲ "

တံခါးလာဖွင့်သူဟာ ခပ်ငယ်ငယ် ခပ်လန်းလန်းမိန်းမတစ်ယောက်

" အကိုပြန်ရောက်နေပြီကြားလို့ "

" အင်း.. အခုတော့ ကိုကို မရှိသေးဘူး ၊ သူ့သူငယ်ချင်း Car Showroom ဖွင့်ပွဲသွားတယ်

ကိုကို တဲ့လား ? ထိုမိန်းမ နှုတ်က ကိုကို လို့ခေါ်လိုက်တာလား ?

ဒိုယောင်းသည် နှုတ်မျှဘာမှ ထွက်မလာတော့သည်အထိ တိတ်ဆိပ်ရင်းပင် ပြန်လှည့်ထွက်လာခဲ့တော့၏

ခဏအကြာ တွင်

" မီးငယ်... ဘယ်သူတုန်း "

" ကိုကို့ သူငယ်ချင်းထင်တယ် ဖေဖေ "

" အော်..အိမ်ထဲဝင်မထိုင်ခိုင်းပဲနဲ့ "

" ကိုကိုက Dinner ပြီးမှ ပြန်လာမှာလေ ၊ အကြာကြီးထိုင်မစောင့်ခိုင်းစေချင်ဘူး အားနာလို့ "

Katachi San သည် သက်ပြင်း တစ်ချက်ချ၍ သူ့သမီးငယ်အားခေါ်စေသည် ။

သူသည် အမွေကိစ္စအပြီးအပြတ်လုပ်ဖို့ Okayama သို့ ပြန်သွားရာ ၆လကြာတော့ သားငယ်နဲ့အဆက်သွယ်ရခဲ့သည်။

ဩဇီက ပြန်လာမယ်လို့ သတင်းကြားတော့ ကျွန်တော်လဲ သားငယ်အိမ်ကို ပြန်လာခဲ့၏ ။

အမွေကိစ္စတွေပြီးလျှင် သူ့အိမ်မှာ အပြီးနေဖို့ ခေါ်သည်။

အိမ်မှာ မိတဆိုးလေးလည်းရှိတာကြောင့် သားငယ်က သူ့ညီမလေးကိုပါ သူနဲ့အတူနေရန် အပါခေါ်ခဲ့ဖို့ အကြိမ်ကြိမ်မှာကြားသည်။

မိဘမေတ္တာငတ်နေသည့် သားငယ်ကို ကျွန်တော်တို့သားအဖ အရာရာဖြည့်ဆည်းပေးရန် သားငယ်အိမ်သို့ ထပ်မံရောက်လာခဲ့သည်။

" ဟိတ်ကောင်... မင်း ကင်ဒိုယောင်းနဲ့အဆက်အသွယ်ရသေးလား "

Kurosawa San သည် အရက်ခွက်ကိုယိုရှီ့အားလှမ်းပေး၍ ပြောသည်။

" ဘာတုန်း အစမရှိအဆုံးမရှိ "

" မင်းရဲ့ပေါက်စီလေးကိုပြောတာလေ "

" မင်းကလည်း သူထွက်သွားထဲက အခုထိအဆက်အသွယ်မရဘူးလေ  "

" မင်းဘက်က‌ ရော မဆက်သွယ်ကြည့်ဘူးလား "

CHARGE  (Complete)Where stories live. Discover now