ကျွန်မယောက်ျားဖောက်ပြန်နေပြီထင်တယ်။
သူချွတ်ထားတဲ့ အင်္ကျီမှာ ကျွန်မသုံးတာမဟုတ်တဲ့အမျိုးသမီးသုံးရေမွှေးနံ့တချို့ရနေတာ ကြာပြီ။
မှီခိုအားထားစရာဆိုလို့သူပဲရှိတဲ့ ကျွန်မ အပေါ်ဒီလိုလုပ်တာ ရက်စက်ရာမကျဘူးလား?// BEAUTIFULLY ILLUSTRATED //
“ အားလုံးသိထားကြတဲ့အတိုင်းပဲ မင်းတို့တွေသိပ်မျှော်နေတဲ့ KJ Creationsမှာ internအဖြစ်လျှောက်လွှာတင်လို့ရပါပြီ။ လျှောက်ချင်တဲ့သူတွေက ဒီနေ့ကစပြီး နောက်သုံးရက်အတွင်းမှာ CVနဲ့အတူ ရဖူးတဲ့ certificateတွေ နောက်ပြီး ကိုယ်တိုင်ဖန်တီးထားတဲ့designနမူနာအနည်းဆုံးသုံးခုကို Designဌာနမှာလာအပ်ပေးရင်ရပြီ။ ဒီတစ်ခေါက် semesterအတွက် ငါးယောက်ခေါ်မယ်လို့ သူတို့ဘက်ကအသိပေးထားတယ်။ ငါ့တပည့်တွေ ကံကောင်းကြပါစေ။ ”
အတန်းပြီးခါနီး နှုတ်ဆက်ရင်း ပြောခဲ့တဲ့Professorရဲ့ အသိပေးချက်အဆုံးမှာ ကျောင်းသားတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
“ KJ Creations ”
ဒီ fashion design industryထဲမှာလွန်ခဲ့တဲ့ လေးငါးနှစ်ကမှပေါ်ပေါက်လာတဲ့ brandအသစ်တစ်ခု။ CEO တစ်ဖြစ်လည်း Founderဖြစ်သူ Park JongSeongဟာ သူတို့ကျောင်းကကျောင်းသားဟောင်းတစ်ယောက်ဖြစ်သည်။ ပတ်ဂျုံဆောင်းဟာလည်း ကျောင်းရဲ့ဂုဏ်ဆောင် ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဆိုပေမယ့် အခုမှစတင်တဲ့ brandအတွက် သူ့မှာရုန်းကန်စရာတွေများသည်။ ဒါကြောင့် သူ့ကျောင်းက ideaပိုင်းမှာ up to dateဖြစ်ပြီး အလားအလာရှိတဲ့designerပေါက်စလေးတွေအတွက် scholarship programဆန်ဆန် အစီစဉ်တစ်ခုကို ပတ်ဂျုံဆောင်းကစီစဉ်ထားသည်။ ဤသည်မှာ ယခုကဲ့သို့ semesterတစ်ဖြတ်တိုင်းမှာ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားများထဲမှ internခေါ်ယူခြင်းပင်။ internဆိုသော်ငြား အချိန်ပြည့်ဝန်ထမ်းလစာပေးပြီး အလုပ်ချိန်နည်းနည်းဖြင့်စီစဉ်ပေးထားတာမို့ ထူးချွန်တဲ့ကျောင်းသားတွေအတွက် scholarshipသဘောမျိုးဖြစ်နေသည်။ ဒါကြောင့် နှစ်တိုင်းနှစ်တိုင်း Fashion Design Majorမှာဆို Founder ပတ်ဂျုံဆောင်းတက်ခဲ့သော တက္ကသိုလ်ဟာ ကျောင်းသားတိုင်း၏ ပထမဦးစားပေးအဖြစ် ဝင်ခွင့်ကြပ်လျက်ရှိသည်။