ᴛʜʀᴇᴇ

152 21 20
                                    

ကျမ ဒီနေ့တက္ကသိုလ်ကသူငယ်ချင်းဟောင်းတွေဆုံကြတဲ့ မိတ်ဆုံစားပွဲကိုသွားခဲ့တယ်။ ကပ်ဖားရပ်ဖားနဲ့ ကွယ်ရာကျရင်မနာလိုတတ်တဲ့ အဲ့ဒီ့မိန်းမတွေရဲ့အကျင့်က အခုထိမပြောင်းလဲသေးဘူး။ ကျမအလစ်မှာ အတင်းပြောနေကြတဲ့ အဲ့မိန်းမတွေက ဘဝမှာဘယ်လောက်ဘဲပြည့်ပြည့်စုံစုံနေရပါစေ ယောက်ျားကကွယ်ရာမှာ တခြားမိန်းမနဲ့ဖောက်ပြန်နေတော့ ဘာထူးမှာလဲ? တဲ့။ ကျမအရမ်းဒေါသဖြစ်ရပေမယ့် မှန်နေတော့လည်း ဘာမှပြန်ပြောဖို့ မတတ်နိုင်ခဲ့ဘူး။


><><><><><><

“ ရော့ ”

အဖုံးဖွင့်ပြီးသား ကော်ဖီဗူးကို ထိုကောင်လေးက ဂျုံဆောင်းဆီကမ်းပေးလာသည်။

“ ကျေးဇူး ”

သူ၏ ကျေးဇူးတင်စကားအား ဘာမှမဟုတ်သလိုခေါင်းခါရင်း ပြုံးတုံ့တုံ့ပုံစံနှင့် ထိုကောင်လေးဟာ သူ့ထက်ငယ်မယ်ထင်ရသည်။

အတန်တန် ရပါတယ်ဟုငြင်းနေရင်းနဲ့မှ ဆေးလိပ်မီးနဲ့အပူလောင်တဲ့ဒဏ်ရာလေးတစ်ခုအတွက် သူ့ကို ဆေးရုံအထိမရမကဆွဲခေါ်လာတဲ့ ထိုကောင်လေးဟာ တကယ့် တဇွတ်ထိုးလေး။

အခုလည်း လုပ်ချင်ရာလုပ်ပြီးမှ မခို့တရို့လေးပြုံးကာ သူ့အားမျက်နှာချိုသွေးနေသည့် ထိုပုံစံလေးဟာ ဂျုံဆောင်းမျက်လုံးထဲ အတော်လေး ချစ်ဖို့ကောင်းနေရှာသည်။

ဒါဟာ ဘာမှမဆိုင်၊ ဘယ်လိုမှဆက်စပ်မိစရာမရှိတဲ့အတွေးမှန်းသူသိပါသည်။ ဒါပေမယ့် သူမသိလိုက်ခင်မှာပဲ သူ့စိတ်ထဲတွေးမိနေပြီလေ။ ဘယ်တတ်နိုင်မှာလဲ။ ဒါပေမယ့် ဒီနေရာမှာရပ်တန့်လိုက်နိုင်ပြီပဲဟာ။ ရပါတယ်။

ဂျယ်ယွန်းဆိုရင်ရော…

အခုသူ့ရှေ့တွင် သူ့အား နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေသူဟာ ထိုကောင်လေးမဟုတ်ဘဲ ဂျယ်ယွန်းသာဆိုရင်တော့ သူနှစ်ခါပြန်တောင်မတွေးဘဲ နှုတ်ခမ်းနှစ်လွှာကို နမ်းပစ်လိုက်မိမှာပဲ။

“ ဘာတွေတွေးနေတာလဲ? ”

“ မဟုတ်…အဟွတ် ”

မရိုးမသားတဝက် ရိုးရိုးသားသားတဝက်အတွေးတွေထဲ ခရီးလွန်နေတုန်းဝယ် ထိုကောင်လေး၏ စကားကြောင့်ဂျုံဆောင်း အတော်လေးလိပ်ပြာမလုံမလဲဖြင့် ရှက်ကိုးရှက်ကန်းနိုင်စွာ ကော်ဖီတွေကိုမော့သောက်ပြရင်း ဗရုတ်သုတ်ခတွေဖြစ်သွား၏။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

ʙᴇᴀᴜᴛɪғᴜʟʟʏ ɪʟʟᴜsᴛʀᴀᴛᴇᴅWhere stories live. Discover now