Part-2 Uni/Zawgyi

1.5K 33 1
                                    

အသက်မကချစ်ရသူ

Part-2

ခြူးရဲ့ဘဝပေးကံကြမ္မာဟာဒီလိုသတ်မှတ်ထားလို့ဒီလိုနေရတာလို့ တစ်ယောက်ထဲအမြဲအားတင်းနေခဲ့ပေမယ့်တစ်ခါတစ်လေကြရင် အဲ့ဒီ့ကံကြမ္မာကြီးကိုဆန့်ကျင်ပြစ်ချင်တယ်....ဘာလို့ခြူးမှ ဒီလိုဘဝမျိုးပေးထားရတာလည်း...ခြူးလည်းလူသားတစ်ယောက်ပါမေတ္တာတွေလိုချင်တယ်....ခြူးအရွယ်တစ်ခြားသူတွေဆိုရင် မိဘဆီကပ်ချွဲပြကလေးလုပ်လို့ကောင်းကြတုန်း....ခြူးကတော့ မနက်အိပ်ယာနိုးလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့ အလုပ်ဆိုတဲ့အရာကြီးကိုသာ ခေါင်းထဲစီနေရတာ ......

"ဟူးးးးး"

လေပူတွေကိုခပ်ပြင်းပြင်းမှုတ်ထုတ်ပြစ်လိုက်ပြီးမနေ့ကဝယ်လာခဲ့သည့်ငါးခြောက်လေးကိုကင်နေလိုက်သည်။ငါးခြောက်ဖုတ်လေးကျက်တာနဲ့ ခရမ်းချဉ်သီးကိုထပ်ဖုတ်ပြီးငရုတ်သီးနဲ့စပ်စပ်လေးထောင်းလိုက်သည်။အဲ့နှစ်မျိုးလုပ်ပြီးတာနဲ့ပဲပြုတ်သည်ကိုစောင့်ရင်း ကြက်သွန်နီကိုပါးပါးလေးလှီးထားလိုက်သည်။အချိန်အားဖြင့်ခြောက်နာရီသာရှီသေးပေမယ့် မနက်စာတော့ အကုန်ပြီးစီးသွားပြီဖြစ်သည်။

သူမအခန်းထဲကနေငါးရာတန်အနွမ်းလေးတစ်ရွက်ကိုယူလာလိုက်ပြီးပဲပြုတ်သည်လွတ်သွားမည်စိုးတာကြောင့်အိမ်ရှေ့လေးကနေထွက်စောင့်နေလိုက်သည်။

"ကောင်းညှင်းပေါင်းပဲပြုတ်.......ပဲပြုတ်.....ပဲပြုတ်ပူပူလေး"

‌ပဲပြုတ်သည်အန်တီကြီးရဲ့အသံကြားသည်နှင့်ထိုအန်တီကြီးကိုလှမ်းခေါ်လိုက်သည်။

"အန်တီရေ ဒီကိုလာပါအုံး"

"ဘာယူမလဲသမီး"

"ပဲပြုတ်ပဲငါးရာဖိုးပေးနော်"

"ကောက်ညှင်းပေါင်းကောမယူတော့ဘူးလား"

"ဟုတ်ကဲ့ မယူတော့ဘူး....မနက်စာပဲပြုတ်လေးသုပ်မလို့လေ"

"အင်းအဲ့ဒါလည်းကောင်းတယ်တော်...ပဲပြုတ်လေးကအညောင့်ပေါက်လေးဆိုတော့ သုပ်စားရင်ပိုစားကောင်းမှာ....ဒီမှာပိုတယ်နော်သမီး"

"ဟီး ဟုတ်ကဲ့"

ပဲပြုတ်သည်ထွက်သွားသည်နှင့်အိမ်ထဲသို့ပြန်ဝင်လာကာ အခုနကလှီးထားတဲ့ကြက်သွန်နီလေးနဲ့ သေချာလေးသုတ်လိုက်သည်။

အသက်မကချစ်ရသူWhere stories live. Discover now