Part-4 Uni/Zawgyi

1.5K 50 4
                                    

အသက်မကချစ်ရသူ

Part-4

ဒီနေ့ကလစာထုတ်ရက်လေးမလို့ ခြူးလစာလေးတွေထုတ်ပြီးအိမ်သို့ပြန်လာခဲ့သည်။စက်ဘီးလေးကိုနင်းတောင်မနင်းနိုင်ပဲလမ်းဘေးကနေအသာလေးတွန်းကာလမ်းပဲလျှောက်လာလိုက်သည်။သူမစလွယ်သိုင်းလွယ်ထားတဲ့အိတ်လေးကိုကြည့်လိုက်ပြီးအထဲကပိုက်ဆံလေးတွေကိုရည်ညွှန်းကာစကားဆိုလိုက်သည်။

"ဟူးးးးးနင်တို့ငါ့အိတ်ထဲကနေမခုန်ထွက်သွားရင်သိပ်ကောင်းမှာပဲ"

လစာလေးကရေတွက်ကြည့်ရင်လေးသိန်းတောင်မပြည့်ချင်....မနက်ခင်းမမူဆီကထုတ်လာတာလေးက8သောင်း၊ညနေဘက်ကိတ်ဆိုင်ကထွက်ပြီး ဟိုစားသောက်ဆိုင်မှာလုပ်နေတာကြောင့်အဲ့ဆိုင်ကနေ နှစ်သိန်း...ညဘက်ထမင်းလိုက်ပို့တာလေး8သောင်း...အကုန်စုစုပေါင်းမှ လစာလေးက3သိန်းခြောက်သောင်းထဲရယ်...3သိန်းကမေမေ့ကိုပေးရရင်လက်ထဲခြောက်သောင်းပဲကျန်မှာ....အဲ့ခြောက်သောင်းကလည်း တစ်လစာအိမ်စရိတ်နဲ့ ဟိုဖိုးဒီဖိုးနဲ့...ဘယ်လိုလောက်မလဲ......

"ဟူးးးးကျောင်းတက်ချင်လိုက်တာ"

တက္ကသိုလ်ကျောင်းသူကြီးဆိုတဲ့ဂုဏ်လေးကိုတစ်ခါလောက်တော့ခံစားဖူးချင်သဘည်...ပြီးတော့အလုပ်....ဆယ်တန်းသာအောင်ထားသည့်သူမအဖို့ လစာကတစ်သိန်းခွဲလောက်နဲ့တတ်မည်မထင်...ခြူးက ဆယ်တန်းကိုအမှတ်ကောင်းသည်ကြောင့် မေဂျာကောင်းကောင်းယူပြီး အဲ့ကဘွဲ့ရတာနဲ့အလုပ်ကောင်းကောင်းလေးတော့လိုချင်သည်...ဥပမာ ကုမ္ပဏီတစ်ခုခုမှာဝင်ပြီးတစ်လလေး၊ငါးသိန်းလောက်ဝင်ရင်ကိုမဆိုးဘူး.....

နှုတ်ခမ်းလေးကိုစူချိတ်ကာ ခြံရှေ့ရောက်သည်နှင့်စက်ဘီးလေးကိုရပ်လိုက်ပြီး ခြံတံခါးဖွင့်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။အိမ်ထဲဝင်လာသည်နှင့်ဆူညံနေသည့်အသံတွေကြောင့် မေမေ့ဖဲဝိုင်းကမပြီးသေးဘူးဆိုတာသိလိုက်သည်။

အိမ်ဘေးဘက်ထဲကိုစက်ဘီးလေးထိုးပြီးအိမ်ထဲဝင်လာခဲ့သည်။ခြူးဝင်လာသည်နှင့်အကုန်လုံးကခြူးဆီအာရုံရောက်ပေမယ့် ခြူးသူတို့ကိုအာရုံမထား ကိုယ့်အခန်းထဲကိုဝင်လာခဲ့လိုက်သည်။ပင်ပန်းလာသည်ကြောင့်ရေချိုးလိုက်ရသည်ကအတော်လေးကိုလန်းဆန်းသွားသည်။

အသက်မကချစ်ရသူWhere stories live. Discover now