ဘရန်ဒီတခွက်ရဲ့ဒိုင်ယာရီ ဝတ္ထု၏အဆက်ဖြစ်သောကြောင့် ကြိုတင်ဖတ်ထားပေးဖို့ စာရေးသူမှ တောင်းဆိုပါသည်ခင်ဗျာ
မေမေက ပိုးငါးနှစ်လောက်မှာ အဆုတ်ကင်ဆာနင့်ဆုံးသွားသည်.ဖေဖေကို ပိုးကို မိတဆိုးလေးဆိုတော့ သဲသဲလှုပ်ချစ်ခံရသူဖြစ်သည် ငွေကြေးကလဲချမ်းသာ ရုပ်ရည်ကလဲချောတော့ ပိုး မာနတော်တော်ထောင်လွှားသည် သူငယ်ချင်းဆိုလဲ ဘောစိ ရုပ်ချောတဲ့ မိန်းခလေးချောချောလေးတွေနဲ့ပဲ ပေါင်းသည် ....
...........
မေပိုးဥ စိတ်တိုတိုနှင့် မနေ့က ဝပ်ရှော့ဆိုင်ကို သွားပီး ဟိုလူကြီးကို ပြသနာရှာရမည် ငါ့ကို ကြောက်မတတ်တောင်းပန်ရမည် လို့ ကြိမ်းဝါးပီး ဆိုင်ထဲကို ဝင်လိုက်သည်
"မမလေး ဘာကူညီပေးရမလဲ...."
.ကောင်လေးတစ်ယောက်ထွက်လာသည်....
"မနေ့က ငါ့ကားကို အင်ဂျင်ဝိုင်ဖောက်ပစ်တဲ့ ဟို အနုတ်စုတ်ဂုတ်စုတ်ဘိုးတော် ဘယ်မလဲ ငါ့ကို သက်သက်ချောက်ဆင်တဲ့ဟာ..........."
"ဘယ်တစ်ယောက်လဲဗျ ပိုင်ရှင်ကိုပြောတာလား.........."
"တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေတဲ့ဟာလေ...................."
ကောင်လေးကကြောင်တောင်တောင်နှင့်.......
"နင်တို့ပိုင်ရှင်ကိုသာခေါ်လိုက်တော့ ငါ့ကားကို ချောက်ဆင်တာ နင့်တို့ပိုင်ရှင်မှာလဲ တာဝန်ရှိတယ်............"
ကောင်လေးအထဲဝင်သွားပီး ခဏအကြာ သားသားနားနားလူတစ်ယောက်ထွက်လာပီး
"ဒီကညီမ ဘာဖြစ်လို့လဲ..........."
"မနေ့က အသက်ကြီးကြီးလူတစ်ယောက်ပိုးကားကိုပြင်ပေးတာလေ အဲ့တာ ပိုးကို ပညာပြပီး အင်ဂျင်ဝိုင်တွေဖောက်ထုတ်ပစ်တာ ပိုး ကျောင်းနောက်ကျပီး စာမေးပွဲနောက်ကျလို့ အဆူခံရတယ် အဲ့ဒါအရေးယူပေးပါ မယူပေးရင် ပိုး ရုံးတိုင်မှာ............"
YOU ARE READING
ပန်းတစ်ပွင့်မွေးဖွားခြင်း
Romanceလိင်ပြောင်းခွဲစိတ်ထားသူ ဆရာဝန်ကြီးတစ်ယောက်နှင့် ဆိုးသွမ်းသော ကလေးမလေးတစ်ယောက်ရဲ့ ညှိနှိုင်းရခက်သော အချစ်ပုစ္ဆာ😲😲 အမုန်းဆုံး လူတစ်ယောက်ကို လိမ်လည်မှု တခုနဲ့ လက်ထပ်လိုက်ရပီးနောက် အဖြစ်မှန်ကို သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ?😥😥😥 ကိုယ်ယူတဲ့လူတစ်ယော...