Part 3

534 48 2
                                    


"ကဲ စားကြမယ်ဟေ့ ဒီနေ့ ငါ့ ကျောင်းမှာ အမှတ်ပြည့်ရလို့ကျွေးတာနော်......"

"အေးပါပိုးရယ် ကိုပြည့်လဲမလာဘူး နင်တို့စိတ်ကောက်နေကြတာလား............"

"ဟုတ်တယ် မနေ့က ရုပ်ရှင်မကြည့်လို့တဲ့ ဖေဖေကမှ မလွှတ်တာကို...."

"ကိုပြည့်က နင့်ဖေဖေကို လူကြီးတောင်းလှမ်းပီးပီမဟုတ်လား......."

"ဟုတ်တယ် ဖေဖေက ကျောင်းပီးမှ စေ့စပ်တာတွေလုပ်မယ်တဲ့ တွေ့ချင်ရင်အိမ်လာတွေ့တဲ့ ငါကဖေဖေစိတ်ညစ်အောင်မလုပ်ချင်ဘူးလေ ဖေဖေက ငါ့အပေါ် အလိုလိုက်လွန်းတော့ အဲ့တစ်ခုကိုတော့ ငါမဆိုးချင်ဘူးဟာ..........."

"ဟုတ်တယ် နင်ကလဲလေ တော်တ်ော စိတ်ကြီးတယ် နင်လူမုန်းများမယ် စိတ်လျော့လေဟာ....."

"မလျော့နိုင်ဘူး ငါကအဖေသမီး တိတိကျကျပဲကြိုက်တယ်.ကဲစားမယ် စားမယ်...."

ဖုန်းကအသံလာလို့ကြည့်လိုက်တာ ကိုပြည့်ဖြစ်နေလို့..ခဏနော် ကိုပြည့်ဆီကဖုန်း..

"ကိုပြည့်ပြောလေ ပိုးပါ..........."

"ပိုးနော် ကိုကိုစိတ်ကောက်နေတာကိုမချော့ပဲနဲ့နော် ..."

"ကိုကို့ကိုချော့တာပဲ သူပဲအားနေစိတ်ကောက်နေ မိန်းခလေးကမကောက်ရဘူး...."

"မနက်ဖြန်ကျောင်းဆင်းရင်ကိုလာကြိုမယ် ညနေမုန့်တူတူစားမယ် စည်းကမ်းကြီးတဲ့ အဖေကိုပြောခဲ့ဦး..."

"ဖေဖေက ဟန်တို့မပါရင်မသွားရဘူးတဲ့ကိုကို နှစ်ယောက်တည်းတော့မလွှတ်ဘူး..."

"ပိုး အဖေကလဲ ပျင်းစရာကောင်းတာ.မသိဘူးကွာ လာကြိုမယ်ဒါပဲ................."

ပိုး ဖုန်းချလိုက်သည်

"သူကပဲစိတ်ချည်းပဲ ငါကမကောက်ရဘူး..."

"ကောင်မရေ ငါတို့စားရဦးမှာလား..........."

"စားမယ်‌ဟေ့ ဖွင့်လိုက်................"

"အအေးဘူးတွေဖောက်လိုက်စားမယ် စပ်စပ်ထုံထုံလေး မိပိုးရေ............."

"အမလေးးးးးးးးးးး.ဝေါ့...........မိပိုးကြည့်စမ်း ဆံပင်ချည်တွေအထွေးလိုက် ကြည့်ပါဟာ...."

ပန်းတစ်ပွင့်မွေးဖွားခြင်းWhere stories live. Discover now