သစ်ရွက်တို့ လှုပ်ခတ်သံ တရှပ်ရှပ်တို့သာ ကြီးစိုးလေ့ရှိသော အနောက်ပိုင်းတောအုပ်ဟာ ယနေ့တွင်တော့ သံထည်တို့ ထိခတ်သံ တချွင်ချွင်တို့ဖြင့် ဆူညံနေတော့သည်။
လျင်မြန်စွာ လှုပ်ရှားနေသော တောအုပ်အလယ်ရှိ ပုံရိပ်နှစ်ခုကြောင့် ကျေးငှက်တို့နှင့် တောတွင်းတိရိစ္ဆာန်တချို့ဟာ ဝေးရာသို့ ရှောင်ရှားကြကုန်သည်။
တရားခံဖြစ်သူတွေမှာတော့ ပတ်ဝန်းကျင်ကို လုံးလုံးလျားလျား လျစ်လျူရှုကာ သည်းကြီးမည်းကြီး တိုက်ခိုက်နေတော့သည်။
အပြာရင့်ရောင်ဝတ်စုံဖြင့် လူငယ်လေးဟာ နေရောင်အောက်တွင် တလတ်လတ်ထနေသောဓားဖြင့် လှုပ်ရှားမှုတိုင်းဟာ သေသပ်ပြီး အားပြင်းလေသည်။
ထိုဓားချက်များကို အလွယ်တကူ ခုခံနေသော တစ်ဖက်သူဟာလည်း မီးလျှံတို့လွှမ်းခြုံနေသော တောင်ပံတစ်စုံဖြင့် ကောင်းကင်ထက်တွင် ပေါ့ပါးစွာ တစ်ဖက်၏ ဓားချက်များကို ခုခံလိုက် တန်ပြန်လိုက်ဖြင့် အလုပ်များနေတော့သည်။
လက်ထဲတွင်လည်း မကြာခဏပေါ်ပေါ်လာသည့် မီးလျှံများဖြင့် ပြုလုပ်ထားသော လေးမြှားတစ်စုံဟာလည်း ပစ်မှတ်ဆီသို့ လေထုကိုခွင်းကာ အပြင်းဆုံးအားဖြင့် တိုက်ခိုက်နေသည်။ငယ်ရွယ်သော ပြိုင်ဘက်ကြောင့် တခဏတာ သတိလက်လွတ်ပြီး မိမိလက်တစ်ဖက်ဟာ ခြေတစ်စုံ၏ ကန်ကျောက်မှုဖြင့် လေးဟာလည်း မြေပြင်ထက်သို့ လွတ်ကျသွားရလေသည်။
အလျင်အမြန်ကောက်ယူဖို့ ကြိုးစားသော်လည်း လေးကိုင်းကို မဆုပ်ကိုင်နိုင်ခင် လည်ပင်းကို အုပ်မိုးလာသော ဓားသွား
" ကျွန်တော်နိုင်ပြီ "
ထိုစကားကြောင့် အသာပြုံးကာ မြေပြင်ပေါ်ရှိ လေးကိုမကောက်ယူတော့ဘဲ ဓားပြန်ယုတ်သွားသော ကောင်ငယ်လေးရှေ့ ဒူးတစ်ဖက်ထောက်ကာ
" ဖီးနစ်မျိုးနွယ်ရဲ့ သတ္တမမြောက်မျိုးဆက် Chwe Hansol အရှင့်သားကို ဒီနေ့ကစပြီး သေဆုံးတဲ့အထိ သစ္စာခံပါတယ်...အရှင့်သားရဲ့ သွေးနှောသားရဲအဖြစ် တရားဝင် ဂါရဝပြုပါတယ် "
Chanဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ဒူးထောက်နေသော သွေးနှောသားရဲအား လက်ကမ်းကာ