[ Z ] Ep - 2 { ပျောက်ဆုံးခြင်း }

27 4 0
                                    

ချုန်းဒန်မြို့ဟာ ပင်မမြို့တော်နှင့် မဝေးလွန်းတာကြောင့် အချက်အချာမြို့တွေထဲက တစ်ခုဖြစ်ပြီး လူနေထူထပ်လေသည်။ ထို့ကြောင့် ယခင်အမှုနဲ့ယှဥ်ရင် အတော်လေးရဲတင်းလာသည်ဟု ဆိုရပေမည်။

" ဒီတစ်ခေါက် လူ့ပြည်မှာ တာဝန်ကျနေတဲ့ နတ်ဘုရားLimဆီကို အရင်သွားကြမလား "

ပန်းမာလာနတ်ဘုရားမလေး Yoo Shin Aeဟာ တိတ်ဆိတ်မှုကို ဖြိုခွဲလို့ အတွေးထဲနစ်မြောနေကြသူတွေရဲ့ အာရုံကို လှုပ်နှိုးလိုက်လေသည်။

" သူရဲ့အိမ်တော်က ပင်မမြို့တော်မှာ ကျွန်တော်တို့က ချုန်းဒန်ကိုကျော်ပြီး ပင်မမြို့တော်ကို တကူးတကကြီးမသွားတော့ပါဘူး အကြောင်းကြားတာလောက်ပဲ လုပ်ထားလိုက်တာပေါ့ "

Mingyuရဲ့အသံဟာ တအေးတဆေး ပြောနေပုံရသော်လည်း သူ့ရဲ့စကားအသွားအလာဟာ ထိုနတ်ဘုရားLimအား သဘောကျပုံမရ။

Shin Aeဟာ သူမဘေးရှိ ချောမောလှသော နတ်ဘုရားကို ငေးကြည့်လိုက်မိသည်။ အမြဲအဝေးကသာ ငေးကြည့်ဖူးသော ထိုသူကို ယခုလိုနီးကပ်နေရသောအခါ သူမရဲ့နှလုံးသားလေးက အနားယူခြင်းမရှိ ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေတော့သည်။ သို့သော်လည်း တစ်ဖက်လူဟာ ထင်ထားသည်ထက် အေးစက်လွန်းကာ သူမဘယ်လိုပဲ စကားစစ လိုတာထက် ပိုမပြောဘဲ အမြဲတစ်နေရာကိုသာ ငေးကြည့်ရင်း အတွေးလွန်နေတတ်လေသည်။ ထိုသူတွေးနေသည့်အရာကို ခန့်မှန်းမိသော်လည်း ကိုယ့်ကိုကိုယ်လိမ်ညာကာ မျှော်လင့်နေမိတုန်းပေ။

သွားတဲ့သူက သွားပြီဖြစ်ပြီး ကျန်နေခဲ့သူက ဘာကြောင့်များ ဝေဒနါကို ရင်ဝယ်ပိုက်ပြီး နေရမှာတဲ့လဲ။

ထိုစစ်နတ်ဘုရားရဲ့ နှလုံးသားဒဏ်ရာကို သူမရဲ့မေတ္တာအစစ်အမှန်ဖြင့် အစွမ်းကုန် ကုသပေးမည်ဖြစ်သည်။ ထိုအရာအတွက် ယုံကြည်ချက်လည်း အပြည့်ရှိပေသည်။

ဘယ်လိုပဲပြောပြော သူမဟာ ကောင်းကင်နန်းက လူချစ်လူခင်ပေါများတဲ့ အလှဆုံးနတ်ဘုရားမတစ်ပါး ဖြစ်နေသေးသည်မလား။

" အရှင့်သား "

ပုခုံးယှဥ်လျှောက်ကာ နီးကပ်လာတဲ့ ပုံရိပ်ကြောင့် Chanအတွေးလွန်ရာကနေ နိုးထလာခဲ့သည်။ သူဘယ်လောက် အတွေးလွန်သွားသည်မသိ ယခုသူနဲ့Mingyuဟာ တခြားသူတွေနဲ့ အတော်လှမ်းလှမ်းကို ရောက်နေလေသည်။

Untill I Found You Where stories live. Discover now