Part 21

3.7K 388 74
                                    

ဟန်နိုင်ငံ၏ ဘုရင်မင်းမြတ်နှင့် ကျောက်နက်ဘုရင်ကြီးတို့ မဟာမိတ် စာချုပ် ချုပ်ဆိုပြီး လမ်းဖောက်လုပ်ကြသည်။

သုံးရက်အတွင်း မြို့ချင်း ကုန်သွယ်နိုင်မည့် လမ်းကို ကျောက်နက် ဘုရင်ကြီးက ၁၅ ရက်အတွင်း အပြီးသတ် ဆောက်လုပ်စေခဲ့သည်။

လမ်းမကြီး ပြီးသွားချိန် ခန့်မှန်းထားသည့်အတိုင်း ကုန်သွယ်ရေး ဖြောင့်ဖြူးသွားခဲ့သည်။ အနီးအနား နိုင်ငံငယ်များကလည်း ထိုလမ်းမကြီးကို အသုံးပြုလာကြသည်။

အကောက်ခွန်ဌာနများ ထားရှိပြီး သင့်တင့်သော ဈေးနှုန်းဖြင့် လမ်းမကို ဖြတ်ကူးနိုင်သည်။ နေ့စဉ် ဖြတ်သွားသူတို့၏ အမည်စာရင်းက ကျောက်နက်ဘုရင်ထံ တင်ပြရ၏။

"ဒီနေ့ရော ဘာလို့ မပါလာတာလဲ"

နန်းဆောင်တွင်း ပေလိပ် အထပ်ထပ်ဖြင့် ရှုပ်ပွနေလေပြီ။

"ဘုရင်ကြီး ဘာကိုရှာနေတာပါလဲ"

ကိုယ်ရံတော်ခေါင်းဆောင် ရာထူးကို Davy အစားထိုး တာဝန်ယူထားရသည့် ဂျီဟွမ်မှ အနား တိုးပြောသည်။

ဘုရင်ကြီး၏ မျက်စောင်းဟာ ဂျီဟွမ့်ဆီ တန်းတန်းရောက်သွားတော့ ဂျီဟွမ်က ခေါင်းငုံ့လို့သွားသည်။

Davy ‌ကိုယ်ပွားလို ဖြစ်နေသည့် ဂျီဟွမ်က ဘုရင်ကြီး ရှာနေသည့်သူကို မသိစရာ အကြောင်းမရှိ

သက်သက်မဲ့ မေးခွန်းထုတ်နေသည်မို့ ပေလိပ်တွေကို ရိုက်ချကာ ဘုရင်ကြီး ဒေါသတွေ ပုံထွက်လာတော့သည်။

"ဒီလမ်းဖောက်ဖို့ ငါ့ဘက်က ဘယ်လောက်တောင် ကုန်ခဲ့ရသလဲ။ ဟန်နိုင်ငံလို လက်အောက်ခံနိုင်ငံငယ်နဲ့ မဟာမိတ်တောင် ဖွဲ့ခဲ့ရသေးတာ... သူကတော့ အခုထိ ကျောက်နက်ကို ကူးမလာဘူး"

ဆောင်းရာသီသို့ ရောက်နေပြီ ဖြစ်သည်။ ဆောင်းလေအေးတွေ တိုက်နေတာတောင် ဘုရင်ကြီး ရင်ထဲ သောကမီးတွေ ပူလောင်နေလေသည်။

အလွမ်းဓာတ်ကို လူတွေ မမြင်နိုင်အောင် ဒီရင်မှာ ခါးသည်းခံထားရသည်။ မျှော်နေသူကတော့ ပေါ်မလာသည်မို့ စိတ်ဆိုးချင်လာသည်။

Jeon: The Rex of Black Stone Kingdom [Completed]Where stories live. Discover now