Part 24

3.3K 340 57
                                    

ကျောက်နက်နန်းတော်နှင့် အနီးဆုံး ရွာလေးမှာ ခေါင်မိုး အနီကလေးနဲ့ အိမ်အသစ်ကလေး တစ်လုံး ရှိနေပြီ ဖြစ်သည်။

ဆောင်းရာသီမှာ လုပ်သားအင်အား တိုးချဲ့ပြီး အမြန်ဆုံး ပြီးစီးစေရန် ဘုရင်ကြီး Jeon က အာဏာပြ၍ ဆောက်လုပ်စေခဲ့သည်။

နွေဦးရောက်လျှင်တော့ ခြံဝန်းထဲမှာ ပန်းဥယျာဉ်လေးတောင် ပြုလုပ်ပေးရန် ဘုရင်ကြီးက စီစဉ်ထားပါသည်။

Taehyung ဟန်နိုင်ငံကို မပြန်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားထားခြင်း ဖြစ်၏။ ဒီနေရာလေးမှာ Taehyung ကို ပျော်အောင်ထားမည်၊ စိတ်ချမ်းသာစေရမည်ဟာ စိတ်ပိုင်းဖြတ်ထားသည်။

မနက်ခင်း ညီလာခံ ပြီးမြောက်စေရန် ဘုရင်ကြီး၏ စိတ်တွေ လောနေလေသည်။ ယနေ့မှ ပေလိပ်အထပ်ထပ်ဖြင့် အစီရင်ခံစာတွေဟာလည်း တောင်လို ပုံနေသည်။

အမတ်မင်းတွေက တစ်ခုပြီးတစ်ခု တင်ပြနေကြသော်လည်း သူ့စိတ်တွေက နန်းတော် အပြင်ဘက်မှ ခေါင်မိုး နီနီအိမ်ကလေးဆီမှာ

"နှစ်ကူး ပွဲတော်အတွက် ကျွန်တော်မျိုးတို့ စီမံချက်တွေက အထက်ပါအတိုင်းပါ ဘုရင်ကြီး Jeon... ဘုရင်ကြီးရဲ့ ခွင့်ပြုမိန့်ကျပြီဆိုတာနဲ့ လုပ်ငန်းစတင်တော့မှာပါ"

ဘုရင်ကြီးက အမတ်မင်း၏ လျှောက်တင်ချက်ကို ပေလိပ်ကြည့်လို့ နားထောင်‌နေပါသည်။

ပေလိပ်ထဲမှာ ပွဲတော်အတွက် စီမံချက်တွေ ရေးသားထားသော်လည်း ချစ်သူ့ မျက်နှာကလေးကိုသာ မြင်ယောင်နေသည်မို့ ဘုရင်ကြီး၏ မျက်နှာက တပြုံးပြုံး ဖြစ်နေလေသည်။

ရယ်သံ သဲ့သဲ့လေးဖြင့် ပြုံးနေတော့ အမတ်မင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကုန်ကြသည်။

တည်တံ့လွန်းသည့် နှုတ်ခမ်းပါးတွေ ဒီလိုပြုံးနေတာက ခပ်ရှားရှားမို့ မိုးနတ်မင်းမှ ကောင်းချီးပေးလိုက်သလို ဖြစ်နေပါသည်။

ညီလာခံအတွင်း တီးတိုးစကားသံတွေ ထွက်လာတော့မှ ဘုရင်ကြီး၏ ပျော်စရာ အတွေးလေးတွေ ရပ်တန့်သွားပြီး

"စီမံချက်တွေက ကောင်းပါတယ်။ ပွဲတော်ကို ဒီဘုရင် ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုပေးမယ်"

Jeon: The Rex of Black Stone Kingdom [Completed]Where stories live. Discover now