2

13.6K 69 0
                                    

B.A.D – 2

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Yesimyourmommy: Wattpad

Omega_heat: Telegram

ခိုင့် စကားကြောင့် မမမြ သက်ပြင်းချ၏။ခိုင်က အသက်သာကြီးလာတယ် အရင်လို ဂျစ်ကန်ကန်နိုင်နဆဲပဲ။ ငယ်ငယ်က ဆိုလည်း ခိုင်က မမမြရဲ့စကားကို နားထောင်ခဲ့တဲ့သူမဟုတ်ဘူး။ အခုလိုပဲ သူဖြစ်ရင်ရာ သူလိုချင်ရာ သူပြောချင်ရာ သူလုပ်ချင်ရာကိုပဲ ဆွဲခေါ်ပြီးပြောတတ်သည်။လုပ်တတ်သည်။ပြုမူတတ်သည်။ဒါတွေက မြ အတွက် အတော်ကို အကြပ်စေပေမဲ့ မြကတော့ ခိုင့် ကိုချစ်တဲ့စိတ်နဲ့ အများကြီးသည်းခံတယ်။သည်းခံတယ် ဆိုတာထက်ကိုပိုခဲ့တယ်။

သူချစ်တယ် ဆိုတုန်းကလည်း မြကတော့ အသာတကြည်ပဲလက်ခံခဲ့ပြီး သူ့ကိုချစ်မိခဲ့သည်။သူထားသွားတော့လည်း ထိုနေရာမှာ ပဲရပ်ကျန်ပေးခဲ့ဖူးသည်။ ခိုင် က မြရဲ့ အချစ်ဦးလေးဖြစ်ခဲ့သလို အချစ်ဆုံးလေးလည်းဖြစ်သည်။

15 ကျော် 16 နှစ် ကလေးငယ်လေးသည် ဆယ်တန်းစာမေးပွဲနှင့်လုံးပန်းလို့အပြီး မြ ဘဝထဲ တိုးဝင်လာခဲ့သည်။ဘယ်လိုဆုံခဲ့ကြပါသလဲမေးရင် ထူးတော့ ထူးဆန်းပါတယ် စကိတ်စီးနေတဲ့ ခိုင့်ကို မြက ကားနဲ့ တိုက်မိမလို ဖြစ်ပြီး အတော်လေးကံကောင်းစွာနဲ့ ဒဏ်ရာကြီးကြီးမားမား မဖြစ်ခဲ့တာပဲ

ဒီလိုနဲ့ ဆေးခန်းပြပေးဆေးထည့်ပေးရင်း နှင့် ဖုန်းနံပါတ် အလဲအလှယ် လုပ်ကာခင်မင်သွားခဲ့သည်။နောက်ဆုံး ဒီကလေးက ချစ် ကြောင်းပြောလာတော့ ထိုချာတိတ်ကလေးကို မြကလက်ခံပေးခဲ့တာပဲ မြနှင့် ခိုင်တို့ တွဲခဲ့တဲ့ကာလ ကတော့ သိပ်ပြီးမကြာရှည်လှပေ

တစ်နှစ်ဝန်းကျင်လောက်သာကြာခဲ့ပြီး ခိုင် တက္ကသိုလ်ရှိရာကို မြသွားကြိုပေးခဲ့တုန်းကဖြစ်လိမ့်မည်။ထိုနေ့က ခိုင်က မိန်းကလေးတွေနှင့် လုံးထွေးနေပြီး အမြင်မသင့်တော်အောင် နေထိုင်နေသည်ကို မြတွေ့ခဲ့သည်။ထို့ကြောင့် မြက မနေသင့်ကြောင်း နှင့် မြကလည်း သဝန်တိုပါကြောင်းပြောမိတဲ့အခါ စိတ်ပျက်လာပြီး ငြီးငွေ့လာပြီဟူ၍ ပုတ်စဲခဲ့ကြတာဖြစ်သည်။ မြကတော့ ဒီချာတိတ်လေးကို ဘယ်တော့မှမမေ့နိုင်ခဲ့သလို ရှောင်ပုန်းနေခဲ့မိတာပါပဲ။ သုံးနှစ်အကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ရတော့ မြဘေးနားမှ ဆိုင်သူက ရှိနေခဲ့ပြီ။သို့ပေမဲ့ မြနှလုံးသားက ခိုင့်ကိုတွေ့တဲ့အခါမှာတော့ ခုန်မင်လို့နေဆဲပင်ဖြစ်သည်။

B.A.DWhere stories live. Discover now