3

15.1K 78 5
                                    

B.A.D – 3

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Yesimyourmommy: Wattpad

Omega_heat: Telegram

“ခိုင့်…..!!”

“ဟား…ဟား….”

“ကိုယ် ဆေးလိပ်သောက်တာမကြိုက်မှန်းသိလို့ တမင်လုပ်ပြနေတာမဟုတ် ဒါပေမဲ့ မင်းစည်းကျော်နေပြီ ခိုင်..!”

“ဟုတ်တယ် ခင်ဗျား မကြိုက်မှန်းသိလို့သောက်တာ စည်းကျော်တာတွေ မကျော်တာတွေ ကျွန်တော်စောက်ဂရုမစိုက်ဘူး “

ခိုင်က မြရဲ့ အနားကိုပိုကပ်လာပြီး ခါးကို ဆွဲဖက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ မြက ချက်ချင်း ခိုင့် ရင်ဘက်ကို ဆောင့်တွန်းပစ်၏။

“လူမြင်ကွင်းမှာ မဟုတ်မဟတ် တွေလုပ်ဖို့စဥ်းတောင်မစဥ်းစားနဲ့ ခိုင် ကိုယ်မင်းပုံကို လုံးဝတစ်စက်ကလေးမှ မကြိုက်ဘူး ကိုယ်ကမင်းကို အရင်လိုလေးပဲထင်နေခဲ့တာ အခုကမင်းကတော်တော်ကို”

“ဟုတ်တယ် ကျွန်တော်က တော်တော်ကိုမှပျက်စီးနေတာ ….  ဘယ်လောက်ပျက်စီးနေကြောင်း သိစေချင်လို့ လာခဲ့တာ…”

ခိုင်က မြလက်ကို ကိုင်ကိုင်ချင်းမှာပဲဘက်ကိုပုတ်ချပြီး မျက်နှာလွှဲသွားသည်။

“ခိုင့်…! မင်း တော်တော့လို့”

မြက အထိမခံတော့ မျက် နှာကိုလက်နဲ့ဆွဲယူပြီး  နှုတ်ခမ်းတွေကိုဆူထွက်လာအောင် လင်နဒ့အတင်းဖျစ်ညှစ်ပစ်တယ် ပြီးတာနဲ့ မြရဲ့ နှုတ်ခမ်းတွေကို အတင်းအကြပ်ဖိစုပ်ပြီး နမ်းပြန်သည်။မြလည်း လူမြင်ကွင်း ကိုမှ နေ့ခင်း နေ့လည်အချိန်ကြီး ဒီလိုအလုပ်ခံရတာကြောင့် ရှက်ရွံသွားပြီး ခိုင့်ကို စောင့်တွန်းကာ ပါးကို ဖြောင်းကနည်းမြည်အောင် ရိုက်ချပစ်လိုက်သည်။

မြ ရဲ့ရိုက်ချက်ကြောင့် မျက်နှာလှလှဘေး ရဲတွတ်သွားပြီး ပါးပေါ်မှာ လက်ငါးချောင်းရာအထင်းလိုက်ပုံပေါ်နေ၏။
ထိုအခါ ခိုင့်မျက်လုံးတွေက ပိုပြီးကြောက်ဖို့ကောင်းလာသလို ဂျစ်ကန်ကန်မျက်နှာပေးနှင့် ပါးစောင်းကို လျှာနဲ့ ထိုးပြီး

B.A.DWhere stories live. Discover now