အပိုင်း-(၁)

14 2 0
                                    


That Stalker Guy says he is my old friend

ပူပြင်းလွန်းတဲ့နေရောင်သည် ဘတ်စ်ကားပြတင်းပေါက်မှဝင်ရောက်လာပြီး အိပ်ငိုက်နေသည့်မိန်းကလေး၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ မိန်းကလေး၏ မျက်ခွံများကလှုပ်ခတ်သွားခဲ့ပြီး မျက်တောင်မွှေးများအဖျားခတ်သွားခဲ့သော်လည်း ပွင့်မလာခဲ့ချေ။ သွေးကြောစိမ်းများယှက်သွေးဖြာနေသော လက်တစ်စုံက နေရောင်ကိုကာပေးလိုက်သောကြောင့် ဖြစ်ဟန်တူသည်။

ပခုံးထက်ရှိ ဆံနွှယ်စလေးများကို တစ်စုံတစ်ယောက်က ခိုးယူနမ်းရှိုက်လိုက်သည်။ မိန်းမငယ်လေးကတော့ သိဟန်မတူ အိပ်မြဲအိပ်ဆဲသာ။

သူသာ သူမအား စက္ကန့်လတ်မကြား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို သူမသိသွားပါက ဘယ်လိုမျက်နှာမျိုးကို လုပ်လောက်မလဲ။ သူ့နှုတ်ခမ်းများ ပြုံးသယောင်ကော့ညွတ်သွားခဲ့သည်။

ဘယ်နှနှစ်တောင်ရှိပြီလဲ ဒီမျက်နှာလေးကို မမြင်ရတာ...

ဘတ်စ်ကားက တဖြည်းဖြည်းလူများလာပြီး ပြည့်လို့လာသည်။ မတ်တပ်ရပ်သည့်သူများလာပြီး အနံ့ပေါင်းစုံရောသွမ်းလို့လာ၏။ သူမ နှာခေါင်းက တရှုံ့ရှုံ့လုပ်လိုက်တာကို သူမြင်တော့ အိတ်ထောင်ထဲက ခေါက်ယပ်တောင်လေးဖြင့် တစ်ချက် နှစ်ချက်ခတ်ပေးလိုက်သည်။ လေအေးလေးမျက်နှာကိုလာဟပ်တော့ ခေါင်းလေးတစ်ချက်နှစ်ချက်လှုပ်သွားပြီး သူမက ပြန်အိပ်သွားပြန်သည်။

ကားက 'ကျွီခနဲ' တစ်ချက်ဘရိတ်ဆောင့်အုပ်လိုက်ရာ ခေါင်းနှင့်ပြတင်းပေါက်မှန်ဖြင့် ဆောင့်ပြီး သူမနိုးသွားလေသည်။ နိုးနိုးချင်း မျက်လုံးအပွင့် သွေးကြောစိမ်းလေးတွေအပြည့်နှင့် ယောက်ျားပီသသော လက်တစ်စုံကို မြင်လိုက်ရသည်။
သူမ ရုတ်တရက် ကြောင်အမ်းသွားခဲ့သည်။ တစ်ဖက်သူက သူမကို ယပ်တောင်ခပ်ပေးနေပြီး သူမနိုးသွားတာကို မြင်တော့ ခပ်ဆဆပြုံးပြလာသည်။

သူမရဲ့ စိတ်ထဲ အချက်ပေးသံပေါ်လာကတော့ *ဘယ်သူကြီးလဲ*
သေချာတာပေါ့ ဒီကောင်လေးက Ikemenဆန်ဆန် ခပ်ချောချောလေးဆိုပေမယ့်လည်း ဘာကြီးလဲ ဘယ်သူ ဘာ ဘာ... ?ပေါင်းများစွာ ပေါ်လာတော့တာပဲ။

MirrorWhere stories live. Discover now