TCM - 1

53 3 0
                                    

အမျိုးသားကြင်ယာတော် (Chapter - 1)

~~~~~~~~~~
°°°°°°°°°°°°°°°°

တရုတ်နိုင်ငံပေကျင်းမြို့တွင်ဖြစ်သည်။ ခုနှစ်သက္ကရာဇ်မှာ 20**။
နှစ်သစ်သို့မကူးပြောင်းပြီး နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ရက်နေ့ ဖြစ်၍ တစ်မြို့လုံး နှစ်သစ်ကို ကြိုဆိုရန် စိတ်လှုပ်ရှားနေကြပြီး မီးရှူးမီးပန်းများဖောက်ကာ ဆင်နွဲ ပျော်ရွှင်နေကြချိန် ည ၁၁:၄၅မိနစ်။

"ဘာဖြစ်လို့ ငါ့စာမူက အခိုးခံရပြန်တာလဲ ဘာဖြစ်လို့ငါပြောတာမယုံကြတာလဲ တကယ် ငါရေးထားတာတွေကြီးပါပဲဆိုနေ!"

လမ်းဘေးအရက်ဆိုင်တစ်ခုမှ အရက်မူးသမားရဲ့ မြည်တွန်တောက်တီးသံတစ်ခုက ဆိုင်ထဲက လူတွေရဲ့အာရုံကိုဆွဲဆောင်သွားပြီး စိတ်ပျက် ရွံရှာတဲ့ အကြည့်တွေ ကို လက်ခံရရှိလိုက်ရတယ်။ ကမ္ဘာပေါ်က လူတွေအကုန်အဲ့လိုပဲ ကိုယ်သာ မဟုတ်ရင် တစ်ပါးသူရဲ့ဝေဒနာကို နားလည်မပေးနိုင်ကြဘူး။

ရှောင်းကျန့် ကျသင့်ငွေရှင်းပြီးဆိုင်က ထွက်လာခဲ့တယ်။ အနည်းငယ်မူးနေပြီမို့ ခြေလှမ်းတို့က ယိုင်နဲ့စွာပင်။ ဆိုင်အပြင်ထွက်လိုက်တော့ ဒီဇင်ဘာရဲ့ လေအေးက သူ့ရဲ့ကုတ်အကျီအပါးကို မနွေးထွေးစေဘူး။

လက်လေးကိုပိုက်လို့ အအေးဒဏ်ကို အံတုရင်း လစဉ်ပေးချေနှုန်းနဲ့ ငှားထားတဲ့သူ့ရဲ့အိမ်လေးကိုမပြန်ခင် ခြေဦးတည့်ရာ လျှောက်ရင်း သူ့ဘဝအကြောင်းစဉ်းစားမိတယ်။

အသက်က ၃၀ကျော်နေပြီ၊ ပိုင်ဆိုင်တာ ဆိုလို့ laptop နဲ့ ဖုန်းပဲ ရေရေရာရာရှိသော ယောင်္ကျားလေး။ မိဘနှစ်ပါးလုံး သေဆုံးခဲ့တာ သူ အလယ်တန်းစတက်မယ့်နှစ်မှာ ဖြစ်ပြီး ဆွေမျိုးမရှိတော့တဲ့သူ့ကို အဖေ့သူငယ်ချင်းမိသားစုက အထက်တန်းအောင်တဲ့အထိ ကျွေးမွေးထားခဲ့တယ်။

အဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ အဒေါ်ရော ဦးလေးရောက မဟ'ပေမယ့် သူတို့ရဲ့သားကတော့ သူ့ရဲ့အနုပညာလက်ရာတွေဖြစ်တဲ့ ဝတ္တုစာစဉ်တွေကို ခိုးယူပြီး နာမည်ခံစာရေးဆရာ လုပ်ခဲ့တယ်။

အထက်တန်းပြီးတဲ့အထိ စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့် သူ့မှာ စကားမဟ'နိုင်ခဲ့ဘူး။ စာစဉ်တစ်ခုလုံးပြီးတဲ့အထိ သူရေးပေးခဲ့ပြီး နောက်ပိုင်းတွေမှာလည်း သူ့ဆီကနေ လက်ဝါးကြီး အုပ်ရောင်းစား နေတဲ့ အချိန်တွေများလာခဲ့တယ်။

The Consort is a ManWhere stories live. Discover now