အမျိုးသားကြင်ယာတော် (Chapter - 2)
~~~~~~~~~~
°°°°°°°°°°°°°°°°အခုဆို ရှောင်းကျန့် အသက်-၁၀ နှစ်ရှိနေပြီ။
မွေးလာပြီးထဲက သူ့စိတ်အခြေအနေက အရင်ဘဝက လူကြီးအရွယ်ပဲ ရှိနေခဲ့တာကြောင့် ဒီဘက်ခေတ်ကို ကူးပြောင်းလာတဲ့သူလို့ပြောလို့ရတယ်။ အရင်ဘဝတုန်းက သာမန်ပညာတက် စာရေးဆရာတစ်ယောက်ပဲဖြစ်တာကြောင့် ဒီဘဝမှာ သူလုပ်နိုင်တဲ့အခြေအနေသိပ်မရှိဘူး။
(ဖတ်စရာ ရွှေပေါင်လုံးမရှိဘူး..!)ကလေးအရွယ်စိတ်မဟုတ်ပေမယ့် ကလေးဆန်ဆန် သူဆော့နေမိတုန်းပဲ။ အရင်ဘဝမှာ ဆော့ဖို့ အဖော် တောင်မရှိခဲ့ဘူး။ အခုတော့လား..။ ရှောင်းကျန့် သူ့အဆောင်ထဲက ဥယျာဉ်ထဲကို မျက်လုံးဝေ့ကစားလိုက်တယ် ။အခုတော့ သူ့ရံရွေတော်တွေနဲ့ တူတူပုန်းတန်း ဆော့နေကြတာလေ ဟိဟိ့
"ကျွန်တော်မိတော့ မယ်နော် မမတို့ ပဝါစလေးမြင်နေရတယ်!"
မဟုတ်တရုတ်တွေပြောပြီး ရံရွေတော်တွေကို ထိတ်လန့်အောင် လုပ်လိုက်တော့ ငြိမ်နေကြတဲ့ သူတွေ လှုပ်လှုပ်ရွရွဖြစ်လာပြီး ဒီမှာပါ လာဖမ်းပါလို့ သူ့ကို အချက်ပြနေသလိုပဲ။
ရှောင်းကျန့်လည်း လှုပ်ရွနေတဲ့ နေရာနားသွားလိုက်ပြီး ချက်ချင်းပဝါစကို လှမ်းဖမ်းလိုက်တယ် ။ အိ! လက်ကသေးသေးလေး...-0_0-
ရံရွေတော်တစ်ယောက်ရဲ့လက်က သူ့လက်တစ်ဖတ်ထဲနဲ့ဆုပ်ကိုင်လို့ရနေတော့ ရှောင်းကျန့်အံ့ဩပြီး ဆောင့်ဆွဲလိုက်မိတယ်။"အ့!"
ကောင်လေးသေးသေးလေးတစ်ယောက် ေဆွ့ခနဲပါလာပြီး ဆောင့်ဆွဲခံလိုက်ရလို့ နာနေတဲ့ အမူအရာလေးနဲ့အတူ မကျေမနပ်ဖြင့် သူ့ကို လှမ်းကြည့်တော့။ ရှောင်းကျန့်လည်း မျက်လုံးပြူးပြူးလေးနဲ့ပြန်ကြည့်ပေးလိုက်တယ်။ မင်းပဲ ကလေးဆန်ဆန်လုပ်တက်တာမဟုတ်ဘူး ငါလည်း ကလေးဆန်ပြတက်တယ်!
"ဒုရှောင်းသခင်လေး အဲ့တာ ဒီနေ့ ဧည့်သည်တော်ရဲ့ ကလေးလေးဖြစ်မယ် ထင်ပါတယ်"
ပုန်းနေတဲ့ရံရွေတော်တွေထွက်လာပြီး ရှောင်းကျန့်ကို ပြောပြကြတယ်။ တချို့က ကောင်လေးဘေး သွားထိုင်ပြီး ထိခိုက်မိတာ ရှိမရှိစစ်ဆေးပေးနေကြပြီဖြစ်တယ်။
YOU ARE READING
The Consort is a Man
Fanfictionအမျိုးသားကြင်ယာတော် သူ့ထက်ခြောက်နှစ်ငယ်တဲ့ကလေးက ဘုရင် ဖြစ်လာတဲ့အခါ ယောင်္ကျားလေးတစ်ယောက်ကိုကြင်ယာတော် အဖြစ် ကောက်ယူခဲ့တယ် ။ နူးနူးညံ့ညံ့လေး ကြည့်ပြီး ပန်းချပ်လွှာနှုတ်ခမ်းတွေ ဖွင့်ဟလို့ ဘုရင့်ထံက ခေါ်တဲ့ နာမည်က "ရှောင်း"တဲ့။ yizhan #Livy3th