🤚Chapter 40
အရပ်မြင့်မြင့်နှင့် ရှည်လျားသော ခြေတံရှည်များဖြင့် ဝမ်ယွီက ခြေလှမ်းအနည်းငယ်အတွင်းပင် ကျိအန်းနဉ်ကို ဖမ်းမိလိုက်သည်။
“ခဏစောင့်ပါဦး...မင်း စိတ်ဆိုးသွားတာလား..."
သူက သူမကို လှမ်းဆွဲလိုက်သည်။
ကျိအန်းနဉ်က ဝမ်ယွီကို ကြည့်ရန်လှည့်လာသည်။ သူမ၏ နှုတ်ခမ်းများက ပြုံးနေသေးသော်လည်း အားကိုးရာမဲ့သည့် ခံစားမှုမျိုးလည်း ရှိနေသေးသည်။ သို့သော် သူမ စိတ်ဆိုးခဲ့သည်မှာ သေချာသည်။
ဝမ်ယွီ စိတ်သက်သာရာ ရသွားသည်။
“မင်းဖုန်းကို မေ့သွားတယ်...”
သူက အရှက်မရှိ ကြွားလုံးထုတ်ရင်း လက်ထဲတွင်ရှိသော
ဘူးလေးကို ဝှေ့ယမ်းလိုက်သည်။ကျိအန်းနဉ်က သူ့ကို ရယ်မောလုနီးပါး ဖြစ်သွားပြန်သည်။ကူကယ်ရာမဲ့စွာနှင့် မျက်နှာကို ပွတ်သပ်ရင်း ခဏတွေးပြီး ပြောလိုက်သည်။
"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဟင်..."
၀မ်ယွီ နားမလည်ပေ။
"ကျေးဇူးတင်ပါတယ်..."
ကျိအန်းနဉ် နူးနူးညံ့ညံ့လေးပြောလိုက်သည်။
"ကျွန်မရဲ့ သေးသိမ်တဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုလေးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးတဲ့အတွက်ပါ..."
သူမ၏ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအတွက် အရေးမစိုက် မထီမဲ့မြင်ပြုတတ်သည့် ငယ်ရွယ်သည့်သခင်လေးက ဤကဲ့သို့ သနားစရာကောင်းလောက်အောင် ဒုက္ခခံသရုပ်ဆောင်ပေးခဲ့သည်။
“သေးသိမ်တဲ့ကိုယ်ကိုယ်ကိုတန်ဖိုးထားမှု ” ဤစကားလေးလုံးလေးက ခါးသက်မှုအရိပ်အမြွက်လေးကို သယ်ဆောင်နေသည်။ ၀မ်ယွီက ထိုစကားလုံးများကိုကြားသည့်အခါ ချက်ချင်း ၀မ်းနည်းသွားသည်။ ယုံကြည်မှုဖြင့် အမြဲတမ်းပြည့်နေသည့် လူတစ်ယောက်ဖြစ်သောဝမ်ယွီက ထိုစကားကို နေသားတကျမဖြစ်သေးပေ။
သူ့ကို စိတ်မကောင်းဖြစ်သွားအောင် လုပ်လိုက်မိတာလား...
ကျိအန်းနဉ်က သူမ၏ဆံပင်ကိုထိပြီး ကူကယ်ရာမဲ့သောအပြုံးနှင့် ပြုံး၍မေးလိုက်သည်။