Seoulမြို့မှာ မိုးကသည်းထန်စွာရွာနေသည် မိုးရေထဲမှာ ကောင်လေးတစ်ယောက်ယိုင်နဲ့နဲ့နှင့်အိမ်ကထွက်လာသည် အိမ်ထဲကမထွက်ခင် 'ခင်များတို့ကျွန်တော့်ကိုမလိုချင်ကြဘူးမလား ရတယ် ခင်များတို့မမြင်အောင်ကျွန်တော်ထွက်သွားမယ် ကျွန်တော်သေရင်ခင်များတို့ ကျွန်တော့်အမွေတွေကိုအပိုင်သိမ်းလို့ရသလိုကျွန်တော့်ကိုလည်းရှင်းပစ်စရာမလိုတော့ဘူး ကျွန်တော်လည်းခင်များတို့နှိပ်စက်မူ့ကနေလွတ်မြောက်သွားပြီ' လို့အသံတိတ်ပြောရင်း ကားလမ်းမရှိရာကို လျှောက်လာလိုက်သည် သူပဲကံဆိုးတာလား ကံပဲကောင်းတာလားမသိ လမ်းမပေါ်ထွက်ထွက်ချင်း ကားတစ်စီးကအရှိန်ပြင်းပြင်းနှင့်မောင်းနှင်လာသည် ကားကဟွန်းတီးနေပေမယ့်လည်း သူကမဖယ်ပေးမိ
ကျွီ~~~~ဒုန်း~~~ဝုန်း
ဆိုတဲ့အသံနှင့်အတူသူ့ခန္ဓာကိုယ်ကလည်းလေပေါ်သို့မြောက်တတ်သွားသည် သူမြေပြင်သို့ပြတ်ကျလာပြီးသိပ်မကြာ ကားထဲကကောင်လေးတစ်ယောက်ထွက်လာပြီးသူ့စီကိုတချက်လှမ်းကြည့်ပြီး တယောက်ယောက်ကိုဖုန်းဆက်နေပုံရသည် သူကတော့ ကားနှင့်အဝေးတစ်နေရာကိုကြည့်ရင်းပြုံးမိသည် ဘာကြောင့်လဲဆိုတော့သူဒီဘဝကနေလွတ်မြောက်ပြီ သူနောက်ဆုံးပြောခဲ့စကားလေးက
''အရာအားလုံးကိုနူတ်ဆက်ခဲ့ပါတယ် ငါ့ကိုကားနဲ့တိုက်ခဲ့တဲ့လူကိုကျေးဇူးလည်းတင်ပါတယ်.......။''
တဲ့....။ပြောပြီးသူ့ဘဝဟာအမှောင်ထဲသို့.......
~~~~~~~~
''CEO ခနနေအစည်းအဝေးရှိပါတယ် နေ့လယ်ပိုင်းကျရင် Kim Groupနဲ့စပ်တူProject အတွက်ချိန်းထားတာရှိပါတယ် ညနေပိုင်းအစီစဥ်ကတော့မရှိပါဘူး...''
အတွင်းရေးမှုးLeeကပြောတော့CEOဆိုသူကခေါင်းညိတ်ပြလိုက်သည်
''ဒါဆို meeting roomကိုသွားရအောင်..mtစဖို့5မိနစ်ပဲလိုပါတော့တယ်...''
''အင်း အဲ့တာဆိုသွားရအောင်...''
30min later
''ကျစ်...စောက်ချိုးကိုအပြေဘူး! ခင်များတို့အလုပ်ကိုဘယ်လိုလုပ်နေတာလဲ ဟမ်! ခင်များတို့တို့ကိုလစာပေးထားတာ အလုပ်လုပ်ဖို့ပေးထားတာ စောက်လေလိုက်ပြီး အလုပ်ကိုပြီးစလွယ်လုပ်ဖို့ပေးထားတာမဟုတ်ဘူး!!!တောက်စ်..အခုချက်ခြင်းပုံစံအစ်ပြန်လိုချင်တယ် ပြန်လုပ်''