မနေ့ကပဲ ဒယ်ဒီက ညီမလေးရှိတဲ့ ဂျာမနီကိုလိုက်သွား၍ သူတို့တစ်အိမ်လုံးမျာခြောက်ကပ်ကပ်ဖြင့်သာ။ နဂိုကထဲက မြိုင်စံအိမ်တော်ဟာ သူမ မေမေမရှိတော့ကထဲက တိတ်ဆိတ်ခဲ့ရတာလေ။ သူဆေးရုံဆင်းလာပြီးနောက်ပိုင်းတော့ ဒယ်ဒီက ညီမလေးကိုလဲသတိရသည်ဟုဆိုကာ ချက်ချင်းလိုက်သွားလေရဲ့။ ဒီလိုပါပဲ ဒယ်ဒီဟာ မေမေ့ရဲ့နှစ်ပတ်လည်နေ့များနီးလာပြီဆိုလျှင် ဘယ်လိုအရေးကြီးကိစ္စပဲရှိနေပါစေ ညီမလေးအနားမှာနေပေးလေ့ရှိသည်။ မေမေဆုံးပါးစဥ်အချိန်တုန်းက ဒယ်ဒီဟာ လူမမယ် အနှီးပိုက်ညီမလေးကိုချီလို့ ဆေးရုံမှာမသေရုံတမယ်ဖြစ်ခဲ့ရတဲ့ သူ့အနားမှာ မပြိုလဲအောင်ရင်နှင့်ခါးစီးခံခဲ့ရတာ။
သူမ အသက် ၈ နှစ်လောက်မှာ ဒယ်ဒီ့အတွက်အကြီးမှားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရသည်လေ။ ထိုအရာဟာ ဒယ်ဒီချစ်သော မုဒြာမြိုင်နှင့် မြိုင့်မိုရ်မြိုင် ၏ မွေးမိခင် ဒေါ်မုဒြာကိုဆုံးရှုံးလိုက်ချင်းပါပဲ။ ထိုနေ့ကအတိတ်ပုံရိပ်များဟာဝေဝေဝါးဝါးဖြင့်သာ။ ညီမလေးအတွက် ၆လပြည့်မွေးနေ့ရက်ကလေးလုပ်ရန် သားမိသားဖသုံးယောက်အတူတူစျေးဝယ်ထွက်ရင်းကားအက်စီးဒင့်ဖြစ်ခဲ့ရသည်လေ။ မေမေက သူ့ကိုကာကွယ်ဖို့ကြိုးစားရင်း ထိုနေရာ၌ပင်ပွဲချင်းပြီးဆုံးပါးသွားခဲ့ရသည်။ မုဒြာကိုယ်တိုင်လဲ နောက်ကျောဘက်မှာကားဆီတိုင်ပေါက်ကွဲရာမှဖြစ်ပေါ်လာတဲ့အမာရွတ်အပြင်းစားတစ်ခုရခဲ့လေသည်။ ဒယ်ဒီဟာထိုအချိန်မှာယူကြုံးမရဖြစ်ခဲ့ရခြင်းများစွာပါပဲ။ လူမမယ်ခလေးကတစ်ဖတ် ဆေးရုံမှာအသက်လုခဲ့ရသည့် မုဒြာကတစ်ဖတ် ယိုင်နဲ့နေသောကုမ္ပဏီကတစ်ဖတ်ဖြင့် ပြိုလဲနေခဲ့ရတာ။
မေမေ့ရက်လည်ပြီးခဲ့သည့်နောက်တော့ ဒယ်ဒီဟာ ပြန်နလန်ထူနိုင်အောင်သူ့စိတ်ကိုပြန်လည်ကြိုးစားတည်ဆောက်ခဲ့ရသည်လေ။ သူ့အတွက်တော့ ဒယ်ဒီဟာတကယ်ကိုစံပြဖခင်ကောင်းတစ်ယောက်ပါပဲ။ ငယ်စဥ်ကထဲက မိခင်မေတ္တာမရခဲ့တဲ့ ညီမလေးကို ဒယ်ဒီဝါသူ့ထက်အချစ်ပိုပေးခဲ့တာကိုလဲသူစိတ်မကွက်နိုင်။ ဘာလို့လဲမေးရင် ဒယ်ဒီသူ့အားညီမလေးနှင့်ထက်တူချစ်သည်ဆိုတာသူသိသည်လေ။ ဘာလို့လဲမေးရင် ဒယ်ဒီရဲ့လုပ်ငန်းကိုဆက်ခံဖို့ မုဒြာကိုအစစအရာရာသင်ကြားပေးခဲ့တာဒယ်ဒီကိုယ်တိုင်ပါပဲ။ မိန်းခလေးတစ်ယောက်အနေနဲ့ထိုအချင်းအရာများကိုသင်ကြားရတယ်ဆိုတာပင်ပန်းခတ်ခဲသည်လေ။ ယောကျ်ားလေးများနည်းတူရင်ဘောက်တန်းနိုင်အောင် ဒယ်ဒီဟာသူ့နောက်ဘက်မှာမားမားမတ်မတ်ရပ်တည်ပေးခဲ့တာ။ ဒယ်ဒီ့ကိုလူတိုင်းနည်းပါးဆန့်ကျင်နေချိန်မှာ ဒယ်ဒီဟာ မုဒြာမြိုင် တိုတဲ့သူမ လုပ်နိုင်တယ်ဆိုတာကို ယုံကြည်ပြီးတော့ သူ့နောက်ဘက်မှာရှိနေပေးတာ။ တိုက်ရည်ခိုက်ရည်သင်ကြားနေတုန်းကလဲ ဒဏ်ရာများကြောင့်နာကျင်ကာအပြင်းဖျားချိန်သတိလစ်မတက်ဖြစ်တုန်းက ဒယ်ဒီဟာအသံတိတ်ငိုကြွေးခဲ့သည်တဲ့။ ဒါကို သူမတို့အိမ်တော်မှာသူမတို့ငယ်စဥ်ကထဲကအတူရှိခဲ့တဲ့ ထမင်းချက်ကြီးကြီးပြောခဲ့လို့သူပြန်ကြားခဲ့ရသည်လေ။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။