Ep6💙

26 7 0
                                    

အပြင်မှာမည်မျှလင်းစေကာမူအဆောက်အအုံးအတွင်းဝင်လိုက်သည်နှင့် မှောင်မိုက်ကာ ‌ရောင်စုံအလင်းတန်းများဖြင့်ပြည့်နက်နေလေသည်။

အသွင်အပါအဝင် အားလုံးပေါင်း‌ငါးယောက်။
အသွင်၊ မေတ္တာ၊ ကောင်းကင်၊ ပြာ၊ ပြာ့သူငယ်ချင်းဝတ်ဆံဆိုသူရယ်။
သူတို့ကျောင်းပိတ်ပိတ်ချင်းရက်ကို ကာရာအိုကေသို့ ခြေချင်းလိမ်ကာရောက်ရှိနေကြည်။

ရှောက်လမ်းတစ်ခုလုံးတိတ်ဆိတ်နေသော်လည်း......

မျက်လုံးရှေ့မှာ မြင်တိုင်း×××××ကြည့်ခဲ့ဖူးတယ်မထင်ပါနဲ့××××သူများအတွက်လှလွန်းသူတွေလဲ××××ကိုယ်တွက်အမှတ်တမဲ့ပါပဲ×××အားလုံးထဲက မင်းကြတော့×××××ရေးးးးးးး ကိုယ်မျက်တောင်မခပ်ပဲနဲ့××××
ဖိုးကာရဲ့တစိမ့်စိမ့်ကြည့်သီချင်းကို ကီးကြောင်ကြီးနဲ့ဆိုနေသော ကောင်းကင်ကြောင့်
အားလုံးထိုင်ငိုင်နေကြသည်။
အသံကောင်းသလောက် ကီးမမှန်နိုင်သောကောင်းကင်ကဘာကိုမှဂရုမစိုက်။ ခံစားချက်တွေအကုန်ဖွင့်ချနေတော့သည်။
မေတ္တာကတော့ အကြောင်းသိမို့ ကောင်ကင်နဲ့ဝေးဝေး ထိုင်ခုံအစွန်းလေးကိုတိုးကာ အေးဆေးဘီယာပဲထိုင်သောက်နေလေသည်။

တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်×××နဖူးကခြေဖျားထိအောင်ချစ်တယ်×××အသဲလေးအားဆွဲငြို့သူရယ်××မျက်စိအောက်ကပျောက်မသွားနဲ့အုံး×××တစ်နေကုန်ထိုင်ပြီးကြည့်×××××မျက်စိကအသဲထဲထိစီးဝင်××××××ဘယ်တော့ကြည့်ကြည့်ချစ်မဝသူရေ××××ဒီလိုမျပ်စိအောက်က...ဟ!?
"ဟျောင့်‌ေဇးမြတ်ဘာလုပ်တာလဲကွာ ပြန်ပေး"

ကောင်းကင်နားမုဒိန်းကျင့်နေတာကို မခံနိုင်တော့သဖြင့် အသွင် မိုက်အား ဆွဲယူလိုက်သည်။

"မင်းအလှည့်ပြီးပြီဟိတ်ကောင် ငါဆိုမယ်"

"မရဘူး ငါမပြီးသေးဘူးလေကွာ"

‌‌ရိုးရိုးပြောမရတော့ ခြိမ်းခြောက်ရုံပေါ့ အသွင်ညဏ်နီ၊ ညဏ်နက်တွေသုံးကာ ကောင်းကင်ကို စားပွဲနဲ့ ခပ်လှမ်းလှမ်းကိုဆွဲခေါ်ကာ
"မင်းပြာ့ကိုကြိုက်ရင်လဲ ဝင်ခံလိုက်လေကွာ သီချင်းချည်းလိမ့်ဆိုမနေနဲ့
မင်းမပြောရဲရင်ငါပြောပေးမယ် ရလားအဲ့လို"

Parasite of the line Where stories live. Discover now