Part 8

1.4K 51 7
                                    

Unicode

တစ်ခုသော မှောင်မိုက်နေသော ဂိုဒေါင်ငယ်ထဲတွင် နာကျင်မှုကြောင့် ပြင်းထန်စွာအော်ဟစ်နေသော အမျိုးသားတစ်ဦး ။

" မင်း မင်းတို့ ဘာ မေးးမေး ငါဖြေမှာ မဟုတ်ဘူး အားးး"

"လက်သည်းခွံ စချွတ်လိုက်တော့ "

အေးစက်စက် အသံအဆုံး ထပ်မံထွက်လာသော အသည်းခိုက်မတက်နာကျင်မှုကြောင့် ဖြစ်လာသည့်အသံ ။

လက်ထိပ်မှ တတောက်တောက်စီးကျလာသောသွေးများ ။ ထိုလူသည် အဆုံးထိတောင့်ခံကာ အော်ဟစ်သံများသာ ပေးနေသည်။

ထန်တိုင်းမိုးပြိုသည် သူ၏သွယ်လျသော ခြေတံရှည်တို့အား ချိတ်ထားကာ မျက်မှောင်အသာကြုတ်ထားသည် ။ ( A/N ကြုတ်က ထင်တာရေးထားတာ ဘယ်ဟာအမှန်လဲမသဲကွဲဘူး ပြောပြသွားကြပါဦး :"(   )

သူ၏စိတ်ရှည်မှုတို့အား ဆွဲဆန့်ထားရသည်မှာအတော်ကြာပြီဖြစ်သည်။ ခေါင်းမာသော လူအားတစ်စစီ ဆွဲဆုတ်ပစ်ချင်နေပြီ။ သူသည်ထိုင်နေရာမှ ထကာ ထိုလူ့အနီးသို့ သွားရပ်လိုက်သည်။ မီးစွဲနေသော သံတုတ်အား ဆွဲယူကာ ပါးနားသို့ ထိကပ်မည့်ဟန်ပြင်လိုက်ပြီး

" အဲ့ညက ခင်ဗျား ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကုန်သိတယ်မလား ဒါလေးဖြေပေးဖို့ အဲ့လောက်ခက်နေတာလား ဒါမှမဟုတ် "

ထန်တိုင်းသည် စကားလုံးတို့ကို တစ်လုံးချင်းပြောနေရင်း လက်ကလည်း ထိုလူ၏မျက်နှာနားသို့ မီးစွဲနေသော သံတုတ်အား မထိတထိသွားသွားထိပေးနေ သည်။

" အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ? "

ထို့နောက် စကားအဆုံးသတ်အား ကိုယ်ကိုကိုင်း၍ ထိုလူ့နားသို့ကပ်ကာ မေးလိုက်ပြီး မျက်နှာနားရှိ မီးအား ပေါင်ပေါ်သို့ထိုးစိုက်လိုက်သည်။

" အားးးးးးးးး"

" အသက်ရှင်ရတာ ပျော်ဖို့မကောင်းတော့ဘူးမလား "

"အားးးးးးးးးးးး"

စကားတစ်ခွန်းပြောပြီးတိုင်း နောက်တခေါက်ထပ်ထိုးသည်။
နီရဲနေသော ထန်တိုင်း၏ မျက်လုံးတို့သည် နတ်ဆိုးတစ်ကောင်၏ မျက်လုံးများထက်ပင် ကြက်သီးထဖွယ်ကောင်းစေသည်။

My Fascinated ManWhere stories live. Discover now