Part 12

1.2K 37 4
                                    

Unicode

ငြိမ့်ငြောင်းသော တေးဂီတသံကြားတွင် အထက်တန်းလွှာ ဟုမြင်ရုံနှင့်ပင်သိနိုင်သော ဂုဏ်သရေရှိလူများသည် တီးတိုး တီးတိုးစကားပြောနေကြသည်။ သူတို့ရောက်နေတာကတော့ အင်ပါယာပွဲ။
တစ်ကမ္ဘာလုံးရှိ နှစ်ခုမရှိသော တန်ဖိုးကြီးအဖိုးတန်ရှေးဟောင်းရတနာများရနိုင်သည့်ပွဲဟု ဆိုလျှင်လည်းမမှားနိုင်ပေ။

အမည်းရောင်ပိုးပြောင်ဂါဝန်ရှည်ကို ပေါင်ရင်းထိခွဲကာ ဝတ်ဆင်ထားသော မာယာမျက်ရှင်၏အလှသည် မီးရောင်အောက်တွင် လူအများကြားထင်းနေစေသည်။

" Hello long time no see Madam Maryar "

" Oh ! Jack long time no see "

နိုင်ငံခြားမှဝယ်သူတော်တော်များများနှင့်လည်း တွေ့ကြုံရသဖြင့် မာယာအသိတွေတော်တော်များများ ပွဲတွင်တွေ့မိသည်။

" ထန်တိုင်းကမလာသေးဘူးလား နောက်ကျမှဝင်လာပြီး ပွဲအာရုံကို ဖမ်းစားဖို့လားသူက "

" Boss တို့ကခုလာနေပြီပြောပါတယ် မမလေး "

မာယာမျက်ရှင် စိတ်တွေညစ်နေပြီ ။ စိတ်မပါဘဲ မြင်သမျှသူ ပြုံးပြနေရတာ ပါးတွေတောင် ညောင်းလာသလို ။ ဟိုကောင်ကခုထိမလာသေးဘူး ။

" တစ်ယောက်ယောက်ကိုစောင့်နေတာလား "

ကြည်လင်သောအသံတစ်ခုကြောင့် နောက်လှည့်ကြည့်မိတော့ ခွန်လုံ ။

" ဟုတ်တယ် မောင်ဖြစ်သူကို စောင့်နေတာပါ ဒါနဲ့ "

မာယာကစကားမဆက်ဘဲ ခွန်လုံ၏နောက်သို့ ဝေ့ကြည့်လိုက်သည်။

" အဖော်မပါဘူးလား "

ခွန်လုံက တချက်ပြုံးလိုက်ကာ

" ဟုတ်တယ် ကျွန်တော်တစ်ယောက်ထဲပါ ကရမယ်ဆို ဒီကမဒမ်ကို ကမ်းလှမ်းပါရစေနော် "

ခွန်လုံ၏အပြောကြောင့် မာယာက ခေါင်းလေးမော့ကာ ခပ်ဟဟရယ်လိုက်သည်။

တစ်ဖက်တွင်တော့

" ဒီဘလင်းဘလင်းဖြစ်နေတဲ့ coat ကို‌ဝတ်ရမှာလား "

ရှန်တ၏ ငြီးငြူစွာပြောလိုက်သော အပြောကြောင့် စိုင်းမော်မှာ boss ၏ အမိန့်အတိုင်းမဝတ်ဝတ်အောင် ချော့မော့ပြောရတော့မည်။

My Fascinated ManWhere stories live. Discover now