❤️You are mine❤️

36 4 4
                                    

#Unicode

ထူးဆန်းတဲ့ဖြစ်စဥ်တွေ နဂါးတွေ အသွင်းပြောင်း တိရိစ္ဆာန်တွေ မှော်သတ္တဝါကောင်တွေရှိတယ်ဆိုတာကိုမင်းတို့ယုံကြလား မင်းတို့တော့မသိကျွန်တော်လုံးဝကိုမယုံတာပါ ဥပမာနဂါးကိုဘဲကြည့်လေ အနောက်တိုင်းဘက်ကထင်တဲ့နဂါးကျတော့ အတောင်ပံပါတယ်တဲ့ တရုတ်မှာကျတော့မြွေပုံစံကို အတောင်ပံမပါဘဲ ပျံနိုင်တယ်တဲ့ ထိုင်းတို့မြန်မာတို့ထင်တဲ့နဂါးကျတော့မြွေတော့မြွေဘဲ မြေကြီးတဲ့တွန့်လိမ်တွန့်လိမ်သွားတဲ့ အစိမ်ရောင်ရှိတဲ့ဧရာမမြွေကြီးတဲ့ တွေ့တယ်မလားစုံလို့ပါဆို အဲ့တာကြောင့်ကျွန်တော်ကဒီလိုထူးဆန်းတဲ့ သတ္တဝါတွေ ဒဏ္ဍာရီတွေကိုအယုံကြည်မရှိဘူး

ဒါပေမယ့်နောက်တော့ယုံကြည်လာတယ် တစ်ယောက်သောသူကြောင့်ပေါ့ ကျွန်တော့ရဲ့ဇာတ်လမ်းကိုမင်းတို့သိချင်ကြတယ်မလား ကျွန်တော်ပြောပြမယ်

....................

ကျွန်တော်၅နှစ်သားအရွယ်မှာ
ပါးပါးနဲ့ဒယ်ဒီကကျွန်တော့ကိုပွဲစျေးကိုလိုက်ပို့တယ် အဲ့နောက်ကျွန်တော်ဟာ ဟိုးဘက်မှာရှိတဲ့နဂါးအရုပ်ကလေးကပျွန်တော့အာရုံကိုဖမ်းစားနေတယ် ကျွန်တော်လည်းလိုချင်ခဲ့တယ် ဘေးမှာပါးပါးနဲ့ဒယ်ဒီကစကားပြောနေကြတာ သူတို့သူငယ်ချင်းTaehyungဆိုတဲ့ဦးလေးနဲ့ပေါ့

ကျွန်တော်လဲ ပါးပါးနဲ့ဒယ်ဒီသတိမထားမိခင်မှာကျွန်တော်ဟာ ထိုနဂါးအရုပ်ကလေးဆီဦးတည်သွားလိုက်တယ် သို့သော် အရုပ်ဆီရောက်လုဆဲဆဲမှာ ကျွန်တော်ရဲ့မျက်နှာကိုတာဝါနဲ့အုပ်ပြီးလူတစ်ယောက်ကဖမ်းသွားခဲ့တယ်

"Yoongiသားငယ်ရော"

"ဟမ် ခုနကမင်းနဲ့လက်တွဲထားတာမဟုတ်ဘူးလား"

"ဟာ သွားပြီ အဲ့ကလေးတစ်ခုခုဖြစ်လို့မဖြစ်ဘူး"

"Jiminအဲ့မှာဘာရပ်လုပ်နေတာလဲငါ့သားလေးဘာမှမဖြစ်ဘူးမလားဟင်"

"မဖြစ်ပါဘူး မငိုနဲ့နော်ငါတို့အတူသွားရှာကြမယ်"

"အွန်း"

"ငါဟိုဘက်မှာသွားရှာမယ် မင်းတို့ကဟိုဘက်မှာသွားရှာ"

"ဟုတ်ပြီ"

You are mineWhere stories live. Discover now