17

481 76 1
                                    

[UNICODE]

(1954) မင်းဘယ်လိုနေလဲဆိုတာ လာကြည့်တာ

မေမေဖု : "ကျွန်တော်မျိုးမ သိပါတယ်…သူမကိုကောင်းကောင်းကိုင်တွယ်ဖြေရှင်းပြီး သူမလာခဲ့တဲ့နေရာကိုပြန်ပို့လိုက်ပါမယ်"

နန်းတော်ထဲမှထွက်ခွာရန် ဆန္ဒမရှိသောလျန်ရီးအား မေမေဖုက အတင်းဖမ်းဆီးခေါ်သွားခဲ့သည်။

သူတို့ထွက်သွားသည်နှင့် နဉ်ရှုက ချိုးလင်ကို စကားဆိုလိုက်၏။

"ကျွမ်းဖေး နေမကောင်းဖြစ်နေတာ ရက်အတော်ကြာပြီ…သူမကို သွားတွေ့ရအောင်"

"ဟုတ်ကဲ့"

နဉ်ရှုသည် ကျွမ်းဖေးထံသို့သွားရောက်လည်ပတ်ရန် ယင်းယွဲ့နန်းဆောင်သို့သွားခဲ့လေသည်။ ကျွမ်းဖေးသည်ဖရဲသီးစေ့များကိုစားနေပြီး သူမ၏မျက်နှာမှာလည်းအလွန်ကြည့်ကောင်းနေ၏။

"ဧကရီ" ကျွမ်းဖေက နဉ်ရှုကို ဆောလျင်စွာ ဦးညွှတ်ဂါဝရပြုလိုက်သည်။

နဉ်ရှုက မသိဟန်ဆောင်၍ "မင်းဘယ်လိုနေလဲဆိုတာ လာကြည့်တာ"

"ကျွန်တော်မျိုးမရဲ့ ရင်ဘက်ထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်နေတုန်းပါပဲ" ကျွမ်းဖေးက သူမ၏ရင်ဘတ်ဆုပ်ကိုင်ကာပြောလိုက်သည်။

"သောက်ဖို့အတွက်ဆေးယူလာပေးတယ်…ဆေးသောက်ဖို့မမေ့ပါနဲ့" နဉ်ရှုက နှုတ်ခမ်းကိုတေ့တေ့စေ့ကာပြောလိုက်သည်။

"ဟုတ်ကဲ့…ကျွန်တော်မျိုးမ အချိန်မှန်ဆေးသောက်ဖို့ သတိတရရှိနေပါ့မယ်" ကျွမ်းဖေးက ခေါင်းငြိမ့်ကာပြန်ပြောလိုက်၏။

နဉ်ရှုက ပန်းကန်ထဲမှ ဖရဲသီးစေ့ကို ကောက်ယူကာ စားရင်း စကားဆိုလိုက်လေသည်။

"ကျိုးရှောင်ယီ လာနှုတ်ဆက်သေးလား"

"ဧကရီ…ကျွန်တော်မျိုးမ ရန်ပွဲလုပ်ဖို့မကြိုးစားပေမယ့် ယင်းယွဲ့နန်းဆောင်ကို ကျိုးရှောင်ယီရောက်လာကတည်းက ဒီနန်းဆောင်ရဲ့အရှင်သခင်ဖြစ်တဲ့ကျွန်တော်မျိုးမကို လာရောက်နှုတ်ဆက်ဂါဝရပြုခြင်းမရှိပါဘူး!" ကျွမ်းဖေးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

နဉ်ရှုက ခွေးခြေကိုညွှန်ပြရင်း "ထိုင်ပြီး ရေနည်းနည်းသောက်လိုက်ဦး…ဒါကပုံမှန်ပါပဲ စိတ်ပူစရာမလိုဘူး"

Concubine System(Realm-31)Donde viven las historias. Descúbrelo ahora