3 ( final)

75 12 4
                                        

"Jeno"

"ဟင် ပြောလေ"

မနေ့က ဖြစ်ရပ်အပြီး အခုမှ စကားပြောဖြစ်ကြတာဖြစ်သည်။

"မင်း တခြားသူကို သဘောကျချင်လည်း ရပါတယ်။ ငါ့ကို အားမနာပါနဲ့"

"ဘာပြောတယ် Renjun "

ဒေါသထွက်သွားရသည်။

"မင်းက ငါ့ကို ဖွင့်ပြောထားလို့ ငါ့ကိုပဲ အမြဲကြည့်နေဖို့မလိုပါဘူး။ တခြားသဘောကျတဲ့သူရှိရင် အဲ့ဒီလူကို တွဲလို့ရပါတယ်"

‌"Huang Renjun မင်းက ငါ့အချစ်ကို မယုံဘူးလား"

"မဟုတ်ပါဘူး။ မင်း ငါ့ကြောင့် တကယ်ချစ်တဲ့သူနဲ့ လွဲမှာစိုးလို့"

သူတကယ်ကို ဝမ်းနည်းသွားရသည်။ Renjunnie က သူ့ကို မချစ်သည့်အပြင် သူ့အချစ်ကို မယုံဘူးပဲ။

"Huang Renjun မင်း .. မင်းကွာ ငါ့အချစ်ကို မယုံကြည်ဘူး"

Renjun ရှေ့က သူထွက်လာခဲ့သည်။ သူ့ပါးပြင်မှာ မျက်ရည်တစ်ပေါက်လိမ့်ဆင်းလာသည်။

*

Renjun နဲ့ မတွေ့ဖြစ်တာ ခုနှစ်ရက်ရှိပြီ။ ဟိုနေ့က ကိစ္စဖြစ်ပြီးကတည်းက သူက Renjun ကို ရှောင်နေတာဖြစ်သည်။ မတွေ့ဖြစ်ဘူးဆိုပေမယ့် ကျောင်းတူသည့်အပြင် မေဂျာတူတော့ တွေ့တော့တွေ့ပါ၏။ မမြင်ချင်ယောင်ဆောင်ရသည်ဆိုလျှင်ပိုမှန်လိမ့်မည်။
Renjun ကို တွေ့လျှင် အကြည့်ကိုလွှဲမိသည်။
အရင်က အတန်းချိန်တူလျှင် အတူထိုင်ဖြစ်ပေမယ့် အခုတော့ အတူမထိုင်တော့။ သူမရှိရင်တောင် Renjun က အဆင်ပြေပါသည်။ Renjun က အစကတည်းက လူချစ်လူခင်ပေါပြီးသားမို့ အထီးကျန်မှာ မဟုတ်ပေ။

အခုလည်း အတန်းထဲဝင်လိုက်တော့ ချစ်ရသူရဲ့ မျက်ဝန်းလှလှလေးတွေနှင့်ဆုံသည်။ သူ့ကို စကားပြောချင်မှန်းသိပေမယ့် အကြည့်ကို မြန်မြန်လွှဲလိုက်သည်။ သူ့ကို အနားမှာထားပြီး ရှိုးတိုးရှန့်တန့်ဖြစ်ကာ အနေခက်နေမှာကို သူမလိုလားပါ။ အဲ့ဒီနေ့က ဝမ်းနည်းခဲ့တယ်ဆိုပေမယ့် နောက်နေ့ကျတော့ မျက်နှာလေးမြင်ရင် ငေးစိုက်ချင်သေးသည်။ အရင်လိုစကားတွေ ဖောင်ဖွဲ့ပြောချင်သေးသည်။

ဒါပေမယ့်လည်း သူ့ဆန္ဒကို မြိုသိပ်နိုင်ခဲ့သည်မှာ ခုနှစ်ရက်ပင်ရှိပါပြီ။

To My Beloved Where stories live. Discover now