A

1.6K 78 32
                                    

BMW နောက်ဆုံးပေါ်ကား အမည်းကြီးပေါ် ငြိမ့်ငြိမ့်ကလေး လိုက်ပါစီးရင်း သူ၏ မျက်လုံးများမှေးထားလိုက်ရသည်။အလုပ်ကိစ္စတွေသည် သူမနက်အိပ်ယာထချိန်ကစ Email notiရောက်နေပြီး ညအိပ်ယာဝင်ချိန်ထိ မပြီးမပြတ်အောင် စီမံရ ပါဝင်ရ‌လေသည်။သူ၏ လုပ်ငန်းများ ဘယ်လောက်များနေပါစေ သူ့ကို မည်သူမှ သတိမထားမိကြမည်မဟုတ်ပေ။သူပိုင်သမျှ လုပ်ငန်းများအားလုံး၏ ပိုရှင်သည် ဦးရောင်စဉ်....

"ဦးရောင်စဉ် သူဌေးလာနေပါပြီ"

ဦးရောင်စဉ်၏ မန်နေဂျာဆိုသူသည် ဦးရောင်စဉ်၏ ရုံးခန်းထဲ ဝင်‌ရောက်လာကာ အကြောင်းကြားတော့ ဦးရောင်စဉ် ခပ်အေး‌အေးခေါင်းငြိမ့်ပြလေသည်။ မတ်တပ်ရပ်ကာ ကုတ်အင်္ကျီကို တစ်ချက်သပ်ချပြီး လည်ပင်းက နားကတိုင်ကို အကျအနသေစပ်လေသည်။လက်ချောင်းတိုင်းတွင်စွပ်ထားသည့် နဂါးပုံစံလက်စွပ်တို့သည် ထင်း၍တလက်လက်တောက်နေပြန်လေသည်။ထိုလက်စွပ်စွပ်ထားသည် လက်ချောင်းတို့လည်း အရိုးခြောက်ပုံ တက်တူး‌အနက်တွေမို့ မြင်ရသူတို့ ရှိန်းချင်စရာ။

ဦးရောင်စဉ် အခန်းထဲက ထွက်တော့ မန်နေဂျာပါနောက်လိုက်လာလေသည်။သူဌေးလာမည်ဆို၍ တံခါးဝ ဘေးတစ်ချက်ဆီမှာ ဝန်ထမ်းယောက်ျားလေးအားလုံးသည် အနောက်တိုင်းဝမ်းဆက်အနက်ရောင်များနှင့် Lather shoesအပြောင်များကိုဝတ်ဆင်ကာ လက်နောက်ပစ်လျက် ရပ်နေကြလေသည်။

"ဦးရောင်စဉ် သူဌေးအတွက် အခန်းအဆင့်သင်ပြင်ထားပါပြီ"

‌ဦးရောင်စဉ်သည် သူ၏ ခန့်ညားလှသည့် မျက်နှာထားကို ခပ်မော်မော်ထားကာ မေးသာ ဆတ်ပြလေ၏။သူ၏ မြင့်မားသည့် အရပ်ကြီးသည် ဘေးတစ်ဖက်က ကောင်လေးတွေထက် ခေါင်းတစ်လုံးထွက်နေတာက တစ်ကြောင့် သူဌေးရဲ့လူယုံ သူဌေးအမည်ကတစ်ကြောင်းမို့ သူသည်တကယ်မိမိုက်လွန်းပြီး သူဌေးကလွဲရင် အားလုံး၏ အရိုအသေထိုက်သူ ကြောက်ခံရသူ။

သိပ်မကြာခင် သူဌေး၏ ကား ရောက်လာလေသည်။အားလုံးငြိမ်သတ်သွားပြီး ဦးရောင်စဉ်နှင့်အတူ အလုပ်သမားနှစ်ဦးကသာ ထီးကြီးဆောင်းကာ စင်ဝင်ရှေ့ထွက်လာကြလေသည်။ဦးရောင်စဉ်အား ကောင်လေးတစ်ယောက်ကထီးဆောင်းပေးသလို သူဌေးအားထီးဆောင်းပေးရန်အတွက် အလုပ်သမားကောင်လေးတစ်ဦးသည် သူဌေး၏ကားတံခါးနား ခပ်သွက်သွက်သွားကာ တံခါးကို ဖွင့်ပေး၍ ထီးဆောင်းပေးလေသည်။

After Undress,your waistline make me salute.Where stories live. Discover now