မနက်လင်းတော့ ထယ်ယောင်း မထနိုင်ပေ။အိပ်ယာပေါ်အိပ်နေရက်က မျက်လုံးအသာဖွင့်ကာ အိပ်ယာဘေးကစားပွဲပေါ်က စားပွဲတင်နာရီအားကြည့်ရသည်။
"အာ..၈နာရီခွဲပြီဘဲ"
"မောင်..."
ထယ်ယောင်း အော်ခေါ်တော့ အခန်းထဲကို ပတ်ခ်ဂျီမင် ချက်ချင်းရောက်လာ၏။ကိုယ်မှာလည်း Apron တစ်ထည်နှင့် မီးဖိုချောင်ဝင်နေသည်တူတယ်။
"ဘေဘီ နိုးပြီလား ပြွတ်"
ထယ်ယောင်း၏ နဖူးကလေးပေါ် အနမ်းနုလေးတင်၏။ထယ်ယောင်း ပြုံးလိုက်မိသား။
"မောင် သန့်ရှင်းရေးလုပ်ပေးထားတယ် ဘေဘီမျက်နှာသစ်တော့မလား"
"အင်း"
ထယ်ယောင်း ပတ်ခ်ဂျီမင်၏ပွေ့ယူခံလိုက်ရ၏။
"အာ...အဝတ်မပါဘူး ခင်ဗျားမဝတ်ပေးထားဘူးပေါ့"
ဘေဘီသည် ရှက်ကရှက်နှင့် မျက်နှာကလေး ဂျီမင့်ရင်ခွင်ထဲ တိုးသည်။
"ထယ်က ရှက်တာလား"
"အာ...သွားလေ ဘာကြည့်တာလဲ ရေချိုးခန်းမြန်မြန်"
"အိုခေ ဘေ..."
ထယ်ယောင်း အဝတ်လဲနေတုန်း ထယ်ယောင်း၏ Alphaမနက်စာပြင်နေလေသည်။ထယ်ယောင်း အခန်းထဲက ထွက်လာတော့ ကော်ဖီပုလင်း အဖုံးဖွင့်ကာနေလေပြီ။
"နိုးးး ကျွန်တော့်အတွက် မဖျော်နဲ့နော်မောင်"
မောင်သည် ကော်ဖီဘူး ဘေးချကာ ထယ်ယောင်းအား ပြုံးပြုံးကြီးကြည့်နေလေ၏။
"ကော်ဖီ မကြိုက်ဘူး"
"မောင်ဖျော်ပေးမယ် မြည်းကြည့်နော် ဘေဘီမကြိုက်ရင် ဆက်မသောက်နဲ့"
"အင်း ဖျော်စက်မရှိဘူး ရလား"
မောင်သည် ထယ်ယောင်း၏ နဖူးလေး တယုတယနမ်းလေ၏။ထို့နောက် ကော်ဖီပုလင်းထဲကိုဇွန်းနှင့်ခပ်ယူကာ ကြွေခွက်ကလေးထဲထည့်၏။
မောင်သည် ရေခဲသေတ္တာထဲက ရေခဲရေဘူးလေး လှမ်းယူလိုက်တော့ ထယ်ယောင်း၏မျက်ခုံးလေးများပင့်ကာ နှုတ်ခမ်းပါးလေး ပြုံးလိုက်တော့၏။
YOU ARE READING
After Undress,your waistline make me salute.
FanfictionA littleလေး Warningများမယ်ထင်ပါတယ်။