Chapter 1

144 1 0
                                    

Unicode

"သမီးလေးစိတ်မကောင်းမဖြစ်နဲ့နော် ဒေါ်လေးတစ်ယောက်လုံးရှိသေးတယ် နွမ်းကိုဒေါ်လေးစောင့်ရှောက်မယ် ကြားလား"

"ဟုတ် ကျေးဇူးတင်ပါတယ်ဒေါ်လေးရယ် နွမ်းဘာဆက်လုပ်ရမလဲဟင် နွမ်းမှာဖေ​ဖေလည်းမရှိတော့ဘူး မေမေကပါ နွမ်းဘဝထဲက ထွက်သွားတော့....အဟီး..အဟီး....."

ပြောရင်း သူမမျက်ဝန်းမှ မျက်ရည်များပြိုကျလာတော့တယ်၊ကြာညိုနွမ်း အသက်၂၀ နှစ်မှာ မေမေဆုံးသွားတယ် နွမ်းတို့မှာသားအမိနှစ်ယောက်ဘဲရှိပြီး ဖေဖေကနွမ်းသုံးနှစ်သားတည်းက နှလုံးရောဂါနဲ့ ဆုံးသွားတယ် ယခုမေမေကပါဆုံးပါးသွားတော့ နွမ်းဘဝဟာ မှီခိုစရာမရှိတဲ့ ငှက်ငယ်တစ်ကောင်လိုဖြစ်နေပါပြီ၊တော်သေးသည်လို့ဘဲပြောရမည် နွမ်းမေမေဘက်က ဒေါ်လေးစိမ်းမြဆိုသူက နွမ်းကိုစောင့်ရှောက်မယ်ဆိုတော့ နွမ်းမှာမျှော်လင့်ချက်ရောင်ခြည်လေးတစ်ပိုင်းတစ်စပေါ်လာသည်

ရန်ကုန်က တော်ဝင်စံအိမ်ဆိုတဲ့အိမ်ကြီးမှာ ဒေါ်လေးဟာအိမ်တော်ထိန်းဖြစ်သည် ထိုအိမ်တွင် အလုပ်လုပ်လာရာ နှစ်၂၀ကျော်ရှိပြီဖြစ်၍ ထိုအိမ်နှင့်တော်တော်ကိုရင်းနှီးနေပြီ

"နွမ်းကိုဒေါ်လေးပြောစရာရှိတယ် နွမ်းကမိန်းကလေး ပြီးတော့ ချောချောလေးဆိုတော့ နွမ်းတစ်ယောက်တည်းထားခဲ့ရမှာ ဒေါ်လေးစိတ်မချဘူး အဲ့ဒါကြောင့်နွမ်းဒေါ်လေးနဲ့ဒီနေ့ဘဲ လိုက်ခဲ့မလား"

"ဟုတ် နွမ်းလိုက်ခဲ့ပါမယ် နွမ်းဒေါ်လေးကိုကျေးဇူးအများကြီးတင်ပါတယ်နော် ဒေါ်လေးကိုနွမ်းအလုပ်လုပ်ရင်းကျေးဇူးဆပ်ပါ့မယ်"

"ရပါတယ် သမီးရယ် နောက်ပြီးဒေါ်လေးမှာလည်း နွမ်းကိုစောင့်ရှောက်ပေးဖို့ ဝတ္တရားရှိတယ်လေ နွမ်းရဲ့မေမေ ဒေါ်လေးရဲ့ညီမလေးကနွမ်းကိုစောင့်ရှောက်ပေးဖို့မှာထားတယ် အဲ့ဒါကြောင့်အားမငယ်နဲ့နော်"

"ဟုတ်ကဲ့ ဒေါ်လေး"

သူမသည် ရိုးရိုးကလေးနဲ့အလွန်ကိုလှပါသည်
သူမရဲ့ အရောင်မတင်ဘဲနီဖူးနေတဲ့နှုတ်ခမ်း တစ်စုံနှင့်ဖြူဝင်းပြီးနုဖတ်နေတဲ့အသားအရေရှိပြီး ခန္ဓာကိုယ်ကောက်ကြောင်းလှလှ​​လေးမှာ မြင်သူတိုင်းမငြင်းနိုင်တဲ့ထိ စွဲဆောင်လွန်းနေသည်
သူမဟာ အမြဲရင်ဖုန်းအင်္ကျီနဲ့ထမီကိုသာဝတ်ဆင်ပြီးနေတတ်သောကြောင့် တောဆန်ဆန်လှနေသည် မျက်နှာပေါ်တွင်အစက်အပျောက်ဆိုတာမရှိသလောက်ပင်ရှားလွန်းသည်၊အမြဲသနပ်ခါးကိုပဲလိမ်းပြီး မိတ်ကပ်မခြယ်သထားသော မျက်မှာဝိုင်းဝိုင်းကလေးသည် မြင်ရသူအဖို့အေးချမ်းပါသည်၊တစ်ခါတစ်ခါ ရပ်ကွက်ထဲကယောက်ျားလေးများက ညဘက်နွမ်းတို့အိမ်ရှေ့လာ၍ ဂီတာတစ်လတ်နှင့်သီချင်းဆိုတတ်ကြသေးသည်၊ ထို့ကြောင့်လည်း ဒေါ်လေးစိမ်းမြက တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချခြင်းပင်။

ရူးပြီWhere stories live. Discover now