Epi 3

103 8 1
                                    

Calling VC

''သိပါတယ် ဟီးဆွန်းဟျောင်းရယ်
ကျွန်တော်ကကလေးလေးမှမဟုတ်တာ''

''ဒါပေမဲ့ကိုယ်ကတော့မင်းကိုကလေးပဲထင်မိနေတာ''

ဂျယ်ယွန်းကနှုတ်ခမ်းသားလေးတွေကွေးတတ်အောင်ပြုံးမိတော့ သူသည်အပြုံးအောက်မှာကျရှုံးနေမိတာခုချိန်ထိပါပဲ။

''ဒါဆိုဒါပဲနော် ကျွန်တော်အိမ်စာလုပ်စရာရှိသေးလို့''

သူတို့နှစ်ယောက်ဆက်ဆံရေးကသူငယ်ချင်းမကျရည်းစားမကျ။အီဟီးဆွန်းကတော့သူငယ်ချင်းထက်ပိုချင်နေပုံရသည်။





ဒေါက်ဒေါက်!!

အိမ်စာလုပ်နေရင်းထွက်ပေါ်လာသောတံခါးခေါက်သံကိုကြားမိသည်။အချိန်အားဖြင့်ည၉နာရီလောက်ရှိပြီဖြစ်သည်။ဒီအချိန်ကြီးကိုဘယ်ဧည့်သည်ကလာမှာလိမ့်လဲ။ဟိုတွေးဒီတွေးနဲ့ပဲဂျယ်ယွန်းတစ်ယောက်တံခါးဖွင့်လိုက်သည်။

ခုနုကလေးတင်VCပြောလာသည့်အီဟီးဆွန်းပင်။

''ဟာ ဟီးဆွန်းဟျောင်းဘယ်ကနေဘယ်လိုရောက်လာတာလဲ။''

''ဂျယ်ယွန်း ကိုလွမ်းလို့ တွေ့ချင်လို့ ပြီးတော့
ယွန်းနဲ့အတူဝိုင်သောက်ချင်လို့''

''ကျွန်တော်မှဝိုင်မသောက်တတ်တာ''

''ကြာရင်သောက်တတ်သွားလိမ့်မယ်''

''ဒါကဘာလဲ''

''ကော်ဖီခွက်လေ''

''ဝိုင်ကိုကော်ဖီခွက်နဲ့သောက်တာမင်းတစ်ယောက်ပဲရှိတယ်''

''ထူးခြားအောင်လို့ပေါ့''

သူ့ကိုရှင်းပြနေသောအဖြူထည်လေးကတကယ့်ကိုထိရက်ကိုင်ရက်စရာမရှိ နုနုထွတ်
ထွတ်လေးပါ။ဂျယ်ယွန်းမျက်နှာလေးကဆေးခြယ်စရာမလိုသည့်လှပသည့်ပန်းချီကားတစ်ချပ်လေးပင်။ဟီးဆွန်း....ဟီးဆွန်းအချစ်ကိုခံစားမိသည်။မျက်စိတစ်မှိတ်အောက်ဝင်းလဲ့နေသောမျက်အိမ်ပိုင်ဆိုင်လေးကိုချစ်ကျွမ်းဝင်ခဲ့သည်။

''ဟီးဆွန်းဟျောင်းငုတ်တုပ်မေ့နေတာလား''

''မမေ့ပါဘူး ဒီတိုင်း''

ဝိုင်၃ခွက်​မြောက် ဂျယ်ယွန်းမှောက်ခါနီးနေပြီ။မှောက်ပြီ....ဟီးဆွန်းကတော့ရီဝေဝေဖြင့်သာ...။

A Mythological Trauma in the City.Where stories live. Discover now