"ဟျောင်း!!!"
လူစည်းကားလျက်ရှိနေတဲ့ လမ်းလယ်ခေါင်၌ ကောင်လေးတစ်ယောက်မှ နောက်ကောင်လေးတစ်ယောက်ကို အော်ခေါ်၍အပြေးလိုက်နေလျက်...
"ဟျောင်း!!! ဟျောင်းလို့ဗျာ!!!"
ထိုကောင်လေးမှာ အရှုံးဆိုပေးရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပင် နမလည်ရလောက်အောင် အရှုံးဆိုတာလဲ သူ့ဘဝတွင်မရှိချေ။ ယခုအချိန်တွင်လည်း သူဟျောင်းလို့ခေါ်တဲ့ လူဆီမှ သူ့အားဂရုမစိုက်ပဲ သူ့လမ်းသူသွားနေတာကို ဇွဲမလျော့ပဲ ဆက်တိုက် လိုက်ခေါ်နေတာမလား... ။ အကယ်လို့ ခုဟျောင်းရဲ့နေရာမှာသာ စာဆိုရင် တစ်ကျောင်းလုံး ပထမတောင် အမြဲရနေလောက်တယ် ။
"ဟျောင်း!!!"
"ဘာလဲ!!! မင်းဘယ်လိုဖြစ်နေတာလဲ နီရှီမူရာ!!!"
အာဟ! တွေ့လား နီရှီမူရာ့ သမိုင်းကြောင်းမှာ အရှုံးဆိုတာမရှိပါဘူးလို့ ။ သူဆက်တိုက် လိုက်ခေါ်နေတာမို့ ခုတော့ ဟျောင်းဆီက အသံကြားရပြီလေ ။
"ဟျောင်းကိုချစ်နေတာပါဆို ဟျောင်းကလဲဗျာ..."
တကယ့် ငစားပဲ နီရှီမူရာရစ်ခီက အဲ့ငစားကိုပဲ ဒီက ပတ်ဆောင်းဟွန်းက ချစ်မိနေတာမလား... သို့သော်....
"Riki ငါကကစားကွင်းမဟုတ်ဘူးနော် မင်းကစားချင်ရင် ဒီကနေ ဘယ်ဘက်ကိုချိုးသွားလိုက် အဲ့မှာကစားကွင်းရှိတယ်"
"ဟျောင်းကို ဘယ်သူက ကစားကွင်းလို့ပြောလို့လဲ နောက်ပီး ကျတော်က အရပ်မျက်နှာတွေလဲ မသိတော့ဘူး ဟျောင်းကြောင့်..."
"Ri..."
"ဟာ မအော်ပါနဲ့ ဟျောင်းရာ ဟျောင်းအော်ရင် ကျတော့်ရင်ဘက်ကြီး တး်ခုလုံး ဆောက်တည်မရဖြစ် လွန်းလို့ပါ ခုကစားကွင်းသွားမယ် အာ့ကြောင့် ဟျောင်းလိုက်ပို့ပေး နော်..."
တကယ် နီရှီမူရာတစ်ယောက် ဘာဖြစ်နေချင်တာလဲ ဆောင်းဟွန်းကို တော်ကီတွေနဲ့ လာချွဲရုံမဟုတ်ဘူး မျက်နှာထားကအစ ကလေးတစ်ယောက် လိုချင်တာကိုပူဆာနေတဲ့ပုံနဲ့ ဆောင်းဟွန်းကိုရူးစေချင်နေတဲ့အလား...
"ငါမအား..."
စကားပြောနေရင်း Riki ရဲ့မျက်နှာကို လှမ်းကြည့်မိတော့ သူပြောမဲ့ စကားကိုသိနေသလိုဖြစ်နေပြီး မျက်နှာလေးညှိုးကျသွားတာကို ဆောင်းဟွန်းသတိထားမိလိုက်တယ် အဲ့တာကြောင့်ပဲ ဆောင်းဟွန်းခဗျာ ပြောလက်စစကားကိုတောင် ပြီးအောင်မပြောနိုင်ခဲ့ချေ...