Unicode
ဒီတစ်ကြိမ်တော့ထွက်ပြေးသွားသောဂျီမင်းနောက်အားဂျောင်ဂုအမှီပြေးလိုက်လေသည် အရက်သမားလေးကမူးသာမူးတာခြေတိုတိုလေးနဲ့အပြေးသန်လွန်းလို့ဂျောင်ဂုမှာမနည်းပြေးလိုက်ခဲ့ရသည် ဂျီမင်း၏လက်တစ်ဖက်အားလှမ်းဆွဲ၍ ဂျောင်ဂုသူ့ဘက်သို့ဆွဲလှည့်လိုက်သည်
"ဂျီမင်းရှီးးးးးးးး!"
နှာတရှုတ်ရှုတ်ဖြင့်ငိုနေသောဂျီမင်းလေးမှာကလေးပေါက်စလေးသဖွယ် ချစ်စရာအလွန်ကောင်းလှသည်
"လွှတ်! ငါ့ကို မထိနဲ့"
"ဒီမှာ ဂျီမင်းရှီးးးး ရှေ့တည့်တည့်ကိုထပ်ပြေးရင် ပင်လယ်ပဲရှိတော့တယ် ဘာလဲပင်လယ်ထဲပြေးဆင်းပြီးနောင်ဘဝကူးချင်လို့လား"
"ငါ့ဘာငါဘယ်ထဲပြေးဆင်းဆင်း မင်းစောက်ပူလား"
ဂျောင်ဂုလက်အားတွန်း၍ထပ်ထွက်ပြေးရန်ပြင်နေသောဂျီမင်းအားဂျောင်ဂုအားနှင့်ဆွဲကာဂျီမင်းကျောပြင်နှင့်ဂျောင်ဂုရင်အပ်ထားသည် အတန်ငယ်ငြိမ်ကျသောသောဂျီမင်းမှာ ငိုငံအနည်းငယ်ထွက်လာသည်
"အဟင့် ဟင့် ဟင့် လွှတ်ပေးငါ့ကို "
"ဘယ်ကိုလွှတ်ပေးရမှာလဲ လွှတ်ပေးလိုက်ရင်ထပ်ထွက်ပြေးနေမှာပေါ့"
"မင်းမှငါ့ကိုမမြင်ချင်တာပဲဟာ ဘာလို့လာဖမ်းထားတာလဲ"
"ကျွန်တော်ပြောမိလို့လား အဲ့လို "
"မင်းပဲပြောတာလေ ငါ့ကိုဟျောင်းတပ်မခေါ်နိုင်လောက်တဲ့အထိကိုမင်းငါ့ကိုမုန်းနေတာလေ"
ငိုနေတဲ့ဂျီမင်းအားနောက်မှဂျောင်ဂုကတင်းတင်းကြပ်ကြပ်ဖက်ထား၍ လေသံတိုးတိုးလေးဖြင့်သာအမူးသမားလေးရစ်သမျှကိုဂျောင်ဂုပြန်ဖြေပေးနေသည်
"ကျွန်တော့စကားထဲမှာ မုန်းနေတယ်ဆိုတာစကားမပါဘူးလေ ဘာလို့အဲ့လိုတွေးနေတာလဲ"
"အဲ့စကားမပါပေမယ့် အဲ့အဓိပ္ပါယ်လေ မင်းစကားက"
"ဒီအတိုင်း ဟျောင်းတပ်မခေါ်ပဲပေါ့ပေါ့ပါးပါးနေချင်လို့ပြောလိုက်တဲ့စကားလေ ဘာလို့တစ်လွဲတွေးရတာလဲ ကလေးလဲမဟုတ်"
YOU ARE READING
ကိုယ့်ရဲ့ကူးငယ်လေး
Romanceအပြင်ကဇာတ်အိမ်လေးကိုပဲယူရေးထားဖြစ်တာလေးပါရှင် ကလေးနှစ်ယောက်ကိုအပြင်ကလက်တွေ့ပုံစံလေးနဲ့တွဲမြင်ချင်လို့ တော်တော်များများယူရေးထားဖြစ်ပါတယ်........