Unicode
ဝေလီဝေလင်းမနက်ခင်းမှာ အရက်နာကျနေကြသော တစ်ဖွဲ့နှင့် အရက်သမားလေးများကိုလှောင်ပြောင်နေသောတစ်ဖွဲ့တို့ စကားစမြည်နေကြသည် ညကအရှိန်တော်တော်ရောက်ထားသောဂျောင်ဂုတစ်ယောက်ညက အကြောင်းရာများကိုမမှတ်မိပေ ဒီနေ့က Dreamer အဖွဲ့အား ကုမ္ပဏီမှ ခရီးအတိုလေးလိုက်ပို့ပေးမည်ဖြစ်သည် ဂျယ်ဂျူကျွန်းသို့ခရီးအတိုလေးသွားရန်ပြင်ဆင်နေကြသည့် မန်ဘာများထံသို့
အမျိုးသမီးအငယ်လေးနှစ်ဦးရောက်လာသည်Hi မင်္ဂလာပါ ရှင် ဟန်နာပါအကိုတို့ခရီးမှာအဆင်ပြေဖို့လိုက်ခဲ့ပေးမယ့် မန်နေဂျာအဖွဲ့ပါ
"Aww ဂင်ဟန်နာ!!"
"အာ ဂျောင်ဂုရှီ"
ဂျောင်ဂုနှင့်ဟန်နာတို့တစ်ဦးနှင့်တစ်ဦးအပြုံးတွေနဲ့ပင်နှုတ်ဆက်နေကြသည် ဂျီမင်းကတော့ဒီမြင်ကွင်းအားမျက်ကွယ်ပြုကာ လိုအင်သောပစ္စည်းများသွားထည့်နေသည်
ထွက်ခွာမည့်အချိန်တွင်မန်ဘာဝင်အဖွဲ့များနှင့်မန်နေဂျာအဖွဲ့အပြင် staff အနည်းငယ်ကားတစ်စီးထဲနှင့်ပင်ထွက်ခွာလာကြသည် ဂျောင်ဂုဘေးမှနေရာလွတ်အား ဟန်နာဝင်ထိုင်လိုက်သည် ဂျီမင်းကားပေါ်တက်လာချိန် ထယ်ယောင်းမှာ ဂျီမင်းအားလက်ပြခေါ်ကာ သူ့ဘေးနားအားဝင်ထိုင်ခိုင်းခဲ့သည်ဂျီမင်းရှေ့က၂ခုံမြောက်ကဂျောင်ဂုနှင့်ဟန်နာတို့နှစ်ယောက်စကားတွေဖောင်ဖွဲ့ကာပြောဆိုနေကြသည် ဂျီမင်းလဲ ထိုနောက်နှစ်ယောက်ကိုသာအတန်ကြာစိုက်ကြည့်နေမိသည် တဖြည်းဖြည်းမောင်းနှင်လာသောကားက ဂျယ်ဂျူကျွန်းမရောက်ခင်တစ်ဖြတ်တွင်ခဏရပ်နားလေသည်
ကားမူးတတ်သောဂျီမင်းတစ်ယောက်စားသောက်ဆိုင်ထဲတွင်ခေါင်းငိုက်စိုက်ကျလေသည် ကင်နမ်ဂျွန်း မှဂျီမင်းအားလှမ်းဆွဲကာ ထိန်းပေးထားရသည်ဂျီမင်းးးး အဆင်ပြေရဲ့လား လာလာဒီခုံမှာထိုင်လိုက်...
နမ်ဂျွန်းမှပြောပြောဆိုဆိုနှင့်ပင်ခုံယူ၍ထိုင်ခိုင်းခဲ့သည်တစ်ခြားမန်ဘာဝင်များလဲရောက်လာကာဂျောင်ဂုလဲဘေးသို့ရောက်လာသည် ဝိုင်းအုံနေသောအဖွဲ့သားများကြားအားတိုးဝင်ကာ ထယ်ယောင်းဝင်လာ၍ ဂျီမင်းအားထူ၍ ရင်ခွင်ထဲထည့်လိုက်သည် ပြီးနောက်ဝယ်လာသောဆေးထုပ်လေးအားဖွင့်ကာ ဂျီမင်းကိုတိုက်လိုက်သည်
YOU ARE READING
ကိုယ့်ရဲ့ကူးငယ်လေး
Romanceအပြင်ကဇာတ်အိမ်လေးကိုပဲယူရေးထားဖြစ်တာလေးပါရှင် ကလေးနှစ်ယောက်ကိုအပြင်ကလက်တွေ့ပုံစံလေးနဲ့တွဲမြင်ချင်လို့ တော်တော်များများယူရေးထားဖြစ်ပါတယ်........