အချစ်က နားလည်ခွင့်လွတ်ခြင်းလား?

4 0 0
                                    

ကြားဖူးကြလား အချစ်ကြောင့် ရင်ကွဲနာကျဖူးတဲ့သူတွေ၊ အချစ်ကြောင့် ကိုယ့်ဘဝကို အဆုံးစီရင်ဖို့ထိ တွေးမိတဲ့သူတွေ ၊ အချစ်ကြောင့် စိတ်ဒါဏ်ရာ အများကြီး ရခဲ့ကြဖူးတဲ့သူတွေ ၊ ရူးသွပ်တဲ့ထိကို ချစ်မိတဲ့သူတွေ အဲဒီအထဲမှာ ကိုယ့်ကိုယ်တိုင်ပါဝင်ခဲ့ကြဖူးတဲ့သူတွေ အများကြီးပဲနော် ကိုယ် အပါအဝင်ပေါ့ ....

နောက်ပြီးတော့ ကိုယ့်ကို ကိုယ်မသိလိုက်ခင်မှာ ဘဝထဲက ထွက်ခွာပြီး တစ်ခြားတစ်ယောက် ရင်ခွင်ထဲ ရောက်နေတဲ့ သူကိုရော ဘယ်လိုမြင်ကြလဲ?

ကိုယ်ကတော့ မသိပဲ ဇွတ်ချစ်မိ ဇွတ်ကြင်နာမိနေတာကိုပဲ ဘာမှမသိပဲသာယာနေတာ.....
လူတိုင်းက အချစ်ခံရဖို့ထိုက်တန်ပါတယ်...

ငုဝါ 💓
ငုဝါဆိုတာ မေမေ မေသကြန်နဲ့ဦးခွန်လှ တို့ တစ်ဦးတည်းသော သမီးလေး ဆယ်တန်းဖြေထားပြီး
အောင်စာရင်းစောင့်နေတုန်း အဂ်လိပ်စာသင်တန်းတတ်နေတဲ့ကျောင်းသူ တစ်ယောက်ပါ။

ငုဝါ တစ်ယောက် သကြန် ပြီးထဲက အိမ်ထဲက အိမ်ပြင်မထွက်ပဲ အသားပြန်ဖြူအောင် လုပ်နေလေရဲ့
ညကလည်း ဉာည့်နက်ထိ မအိပ်ပဲ ကိုရီးယားကား ကိုက်နေလို့ မမက်ကျ မနိုးပဲ မေမေ လာနိုးမှ ပဲ အိပ်ယာထ မနက်စာစားဖို့ ပြင် နေတော့တယ် ။

ငုဝါ ~ ဒီနေ့ လည်း ဘယ်မှ မသွားပဲ အိမ်မှာနေရမယ် ဒီနေ့ စနေဆိုတော့ ထိုင်းဇာတ်လမ်း လာမှာ ဟိ
ဒီည တော့ အသေစောင်ကိုက်ရမှာ

ဆိုပြီး တစ်ယောက်တည်း ရေရွတ်ပြီး မျက်နှာသစ် မနက်စာစားဖို့ပြင်နေတော့သည်

မေမေ ~ သမီးရေ အမေစျေးခနသွားဦးမယ် အုပ်ဆောင်းအောက်မှာ ညည်းအဖေ လက်ဖက်ရည်ဆိုင်က ဝယ်လာတဲ့ လက်ဖက်ရည်နဲ့ ပလာတာရှိတယ် စားလိုက်ဦး။

ငု ~ ဟုတ် အမေ

ငုဝါလည်း မနက်စာ စားပြီး သူငယ်ချင်း နွေဦးမောင်ကို ဖုန်းဆက်နေလေရဲ့
ငုဝါ ~ ဟဲ့နွေဦးမောင် နင် သင်တန်း ဘယ်တော့ ပြန်ဖွင့်မလဲသိလား
နွေ ~ အေး ခုလာမဲ့ပတ် တနင်္လာ တဲ့ မနေ့က Teacher နဲ့ လိုင်းပေါ်မှာ မေးရင်းသိတာ

ငုဝါ ~ အေး အဲတာဆို တနလာနေ့ မှ တွေ့မယ် သူငယ်ချင်း
နွေ ~ အေးအေး

ငုဝါလည်း သူငယ်ချင်းနဲ့ ဖုန်းပြောပြီး အခန်းထဲ ပြန်ဝင်ပြီး ဆိုဖာပေါ်မှာ လှဲနေရင် facebook ပွတ်နေလိုက်တယ်။

fb request တွေ စစ်နေတုန်း ရင်းနှီးသလို ရှိတဲ့ နာမည်လေးတစ်ခု တွေ့မိတော့
ငု ~ ဟယ် မ...  ဒါ မ ပဲ

ငု နာမည်ကိုမြင်လိုက်တာနဲ့ ရင်းနှီးနွေးထွေးသလို ခံစားရစေတဲ့နာမည်လေး မေဝတီ

ငုဝါ တစ်ယောက် fri request ကို လက်ခံလိုက်တယ် ပြီးတော့ ထုံးစံအတိုင်း မေဝတီ ဆိုတဲ့သူမ အကောင့်ထဲကို ဝင်စပ်စုလေတော့တယ်
ပျောက်နေတဲ့ ၂ နှစ် ့တွင်း ဘာတွေ လုပ်နေမလဲ ရည်းစားရှိပြီလား စသည်ဖြင့်ပေါ့
...
...
..
   ....ဆက်ရန်

ဆက်ရန်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အချစ်က နားလည်ခွင့်လွတ်ခြင်းလားWhere stories live. Discover now