Chapter 42

308 39 1
                                    

[ ယွိလန်က အစစ်အမှန်ဟေ့၊ သကြားနှစ်ထပ်ကွမ်းဟေ့ ဟူးရေး ]

[ မှန်တယ်၊ အန်းအန်းနဲ့ယွိယွိတို့ ဇာတ်ဝင်ခန်းအတူရိုက်ရမှာ၊ ငါအရင်က‌တော့ သူတို့အတူ အလုပ်မလုပ်ကြမှာကိုစိုးရိမ်နေတာ၊ အခုတော့ ဖြေရှင်းပြီးသားဖြစ်သွားပါပြီ၊ သူတို့အတူတူ ဇာတ်ဝင်ကားရိုက်ဖို့ရှိသရွေ့ ငါတို့ရဲ့ယွိလန်‌တွေ ပွင့်လန်းနေမှာပဲ ]

[ သေချာတာပေါ့၊ ဒီနေ့ trailer မှာ ချန်ယွိနဲ့ အန်းအန်းရဲ့မျက်နှာလေးတွေက အရမ်းကြည့်ကောင်းကြတာပဲ ၊ စဉ်းစားကြည့်စမ်း၊ သူတို့ရဲ့ မူလဓာတ်ပုံတွေမှာတောင် ဒီလောက်ချောနေရင် ရုပ်ရှင်ထဲဆို အလွန်အမင်းတွေချောနေကြတော့မှာပဲ၊ လုံးဝ ပြီးပြည့်စုံတဲ့အတွဲ ]

[ အမှန်တိုင်းပြောရရင်လေညီအစ်မရေ ငါဂုဏ်ဆာတာတော့မဟုတ်ပါဘူး၊ ယွိလန်ရဲ့မျက်နှာကြောင့်ပါ၊ မင်း အနုပညာလောကတစ်ခုလုံးထဲမှာရှာကြည့်လိုက်၊ ယွိလန်ရဲ့ပြိုင်ဘက်ကိုရှာတွေ့မဟုတ်ဘူး၊ ယွိလန်က မင်းကို မှင်တက်သွားအောင်မလုပ်နိုင်ဘူးဆိုရင် ငါ့ရဲ့ခေါင်းကို မင်းကိုပေးလိုက်မယ် ]

[ ငါအခုချက်ချင်း 'ယွင်းယွင်' ကိုကြည့်ချင်နေပြီ၊ ဒါရိုက်တာကျန်းရေ မြန်မြန်ရိုက်ပါတော့၊ စောင့်ရတာ စိတ်မရှည်တော့ဘူး ]

ချန်ယွိအပေါ် မျှော်လင့်ချက်မြင့်မြင့်ထားသည့်ဒါရိုက်တာကျန်းကတော့ အခုချိန်မှာ ကျင်းဟွမ်၏မျက်လုံးထဲမှခံစားချက်နှင့်ပတ်သက်ပြီး ချန်ယွိနှင့်စကားများနေသည်။

ရုပ်ရှင်ရိုက်ရန် အချိန်မှတ်ခြင်းစတင်ပြီဖြစ်ကာ လင်အန်းလန်နှင့်ချန်ယွိတို့လည်း ရုပ်ရှင်ရိုက်ရန် အသင့်ပြင်ပြီးဖြစ်သည်။

ကုရှုယွီက တံခါးခေါက်လိုက်ပြီး လက်ထဲတွင် သစ်သီးခြင်းနှင့် နို့ပုလင်းများကိုကိုင်၍ မတ်တတ်ရပ်နေခဲ့သည်။ ကျင်းဟွမ် တံခါးလာဖွင့်ပေးချိန်မှာ သူ့အ‌နေနှင့် ကုရှုယွီကိုတွေ့လိုက်ရသည့်အပေါ် အံ့ဩမသွားပါ။

"ငါ မင်းအမေကိုလာတွေ့တာ။" ကုရှုယွီပြောလိုက်သည်။

ကျင်းဟွမ်လည်း ခေါင်းညိတ်လိုက်ပြီး သူ အခန်းထဲဝင်လို့ရအောင် ဘေးဖယ်ပေးလိုက်သည်။ သူ၏မိခင်က အိပ်ပျော်နေနှင့်ပြီဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ ကိုယ်မင်းကိုအချစ်ဆုံးပဲ [Entertainment Circle]Where stories live. Discover now