Chapter 2 (Z)

565 4 0
                                    

ချန်ယွိ သူ့စိတ်ကိုတည်ငြိမ်အောင်အမြန်ထိန်းလိုက်ပြီး တစ်ရှုးတစ်ရွက်ယူကာ စားပွဲပေါ်ကျသွားသည့်မျှစ်ဖတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ဆီကွက်ကိုသုတ်လိုက်၏။

"ကိုယ်တို့တွေ အရင်က ဟော့ပေါ့သိပ်မစားဖြစ်ဘူးလေ။ မင်းလည်းသိတဲ့အတိုင်းပဲ။ မင်းအတိတ်မမေ့ခင်တစ်ပတ်လောက်ကမှ ကိုယ်တို့ရဲ့ဆက်ဆံရေးကို အတည်ပြုလိုက်တာ။ မင်းရောကိုယ်ရော အလုပ်များနေခဲ့တာမလို့ တစ်ခါတလေလောက်ပဲ အပြင်အတူတူထွက်စားဖြစ်တာ။" သူ ထိုသို့ပြောလိုက်သည်။

လင်အန်းလန်လည်း သံသယမဝင်ဘဲ ပြန်ပြောလိုက်၏။ "ဆိုတော့ ဒီလိုပေါ့။"

သူက တူနှင့်ညှပ်ထားသည့်အသီးအရွက်တို့ကို လေမှုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ ထိုအခါ သူ့ပါးလေးတွေက ချက်ချင်းပင် ရှဥ့်ကလေးတွေလိုဖောင်းလာပြီး ချစ်စရာကောင်းနေတော့သည်။  

ချန်ယွိက ကြင်ကြင်နာနာကြည့်နေရင်း သူ့ပါးစပ်ထောင့်တွင်ပေနေသည့်အဆီတို့ကို သုတ်ပေးလိုက်ပြီး သူ့ကိုယ်သူမထိန်းနိုင်တော့တာကြောင့် ပါးဖောင်းဖောင်းလေးတွေကို မွှေးကြူလိုက်သည်။ 

"အင်း။ ကိုယ်ကမင်းကို အကြာကြီးလိုက်ခဲ့ရတာ။" သူက နူးညံ့စွာပြောလိုက်သည်။ 

"အကြာကြီးမှ အကြာကြီးပဲ။"

လင်အန်းလန် ရုတ်တရက်ကြီး စိတ်ပျော့သွားသည်။ ထို့နောက် ဟော့ပေါ့အိုးထဲမှ အမဲသားတစ်ဖက်ကိုဆယ်လိုက်ပြီး ချန်ယွိပန်းကန်ထဲထည့်ပေးလိုက်သည်။ "ဒါလေးစားကြည့်။"

ချန်ယွိလည်း ပြုံးရင်းစားလိုက်သည်။ သူ့မျက်လုံးတွေကိုတော့ အန်းလန်ဆီမှ အကြည့်မလွှဲနိုင်ခဲ့ပေ။

အရာအားလုံးကိုပြောင်းလဲသွားစေသည့် အဲ့ဒီညကို သူမှတ်မိသေးသည်။

အဲ့ဒီညတုန်းက မိုးတွေသည်းနေခဲ့ပြီး ချန်ယွိကတော့ အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်နေခဲ့သည်။ ကြည့်ရင်းတစ်ဝက်လောက်ရောက်ချိန်မှာ အပြင်ဘက်မှတံခါးခေါက်သံကို ကြားလိုက်ရသည်။ 

ပထမတော့ တံခါးခေါက်သံက တိုးတိုးလေးသာ။ နောက်တော့ တံခါးခေါက်သည့်သူက အားပိုသုံးလိုက်ပုံရပြီး တံခါးခေါက်သံလည်း စည်းချက်ကျကျနှင့် ပိုကျယ်လာလေသည်။

ဒီကမ္ဘာပေါ်မှာ ကိုယ်မင်းကိုအချစ်ဆုံးပဲ [Entertainment Circle]Où les histoires vivent. Découvrez maintenant