Part 1

345 16 2
                                    

[Unicode]

ပူပြင်းလှတဲ့ရာသီဥတုကိုရေခဲချောင်းနှင့်အံတုရင်း ကောင်းစစ်တစ်ယောက် အတွေးပေါက်နေမိသည်။ ဘာရယ်မဟုတ် ခုနလေးကဖတ်ထားတဲ့ဝတ္ထုလို ပုံပြင်ထဲရောက်သြားတာတို့ ဝတ္ထုထဲရောက်သွားတာတို့ဖြစ်လာခဲ့ရင် မည်သို့လုပ်ရမည်ဟူ၍ပင်။ ပျင်းပျင်းနှင့် လျှောက်တွေးနေသည်မို့ ဘေးပတ်ဝန်းကျင်လဲသတိမထားမိ။ ရေခဲချောင်းကိုဟန်ပါပါယက်ရင်း...

‘ ငါသာပုံပြင်ထဲရောက် မယ်ဆို ကိုရီးယားလိုနှင်းကျတဲ့နေရာတွေထဲရောက်သွားရင်မဆိုးဖူး အေးအေးလေးနဲ့ missionတွေဘာတွေလဲလုပ်ရရင်အဆင်ပြေတယ် ခက်တာက ကန္တာရသာရောက်သွားရင်တော့လား အိုးးးမတွေးရဲစရာပဲ အခုတောင်နေလုံးကြီးခေါင်းပေါ်ရောက်နေသလိုပဲကို ရှေးဖြစ်ဟောတွေလိုသာ နေ၂စင်းများပေါ်ခဲ့ရင် တို့ယောကျားသားတွေဘဝတော့...အဟင်း မလွယ်ဘူး ’

အပူရှိန်ကြောင့်စားနေတဲ့ရေခဲချောင်းတောင် အရည်ပျော်ကျနေပြီဖြစ်သည်။ ပါးစပ်ထဲရောက်သည်ကနည်းနည်း အရည်ပျော်ပြီးကျသည်များများ သာ။ ကုန်စျေးနှုန်းတွေကတက် ဆေးဝါးတွေကရှားနှင့် အိမ်ကအမေညည်းနေကြစကားပင် အလွတ်ရနေသည်။

‘ စျေးတွေကတက်လို့ ကန်စွန်းရွက်လေးဝယ်လာပါတယ် တစ်စည်းကို၇၀၀တဲ့တော်။ ကြက်သားဝက်သားပါးစပ်ပိတ်ထားကန်စွန်းရွက်နဲ့စား ပြောရအောင်လဲ ဒီစျေးနဲ့သာဝယ်စားနေရရင် နောက် များကျအိမ်ကသားတော်မောင်ဟာပဲရောင်းကျွေးမယ် ’

နေပါစေအမေရေသားပဲကြီးလှော်နဲ့ပဲစားတော့မယ်နော် ပြောလိုက်လျှင်အမေတို့များအားကြီးနှင့် ကိုယ့်သားရတနာလေးပင်မချောင် ရောင်းမည်ကြံနေသေးသည်။

ဒီလိုနဲ့ဟိုလျှောက်တွေးဒီလျှောက်တွေးရင်း နေ့လည်၃နာရီတောင်ထိုးသွားရောပေါ့ ဒီအချိန်ဆိုအိမ်ကထိန်းမနိုင်သိမ်းမရ မိဆုံးမဖဆုံးမလဲနားမထောင်တဲ့ကျေးဇူးရှင်အငယ်မ မူကြိုကပြန်ရောက်လာတော့မည်။ အသက်လေး၆နှစ်ပင်ရှိသေးသည် အကိုကိုဗိုလ်ကျတတ်နေပြီ။ ပြီးကျလျှင်လာပါလိမ့်မည် ကာတွန်းကြည့်ချင်တာ/ ရေခဲမုန့်လေးစားချင်တာဆို၍။

» ကျွန်တော်နှင့်စင်ဒရဲလားအရှုပ်တော်ပုံ «Where stories live. Discover now