Chapter 15 - Julien XIV

56 3 3
                                    

ဂျူလီယန်း ၁၄ - ထုံးစံအတိုင်းပင် ဤဂေါက်ကြောင်နှစ်ယောက်မှာ ၃ မိနစ်ထက်ပိုတိတ်ဆိတ်မနေနိုင်၊ အချင်းချင်းထသတ်ကြပြန်သည်။

- - - - - - - - - - -

"သေဆုံးသူတွေကိုစစ်ဆေးရမှာအမုန်းဆုံးပဲ" လန်ချောင်သည် နှုတ်ခမ်းဆူလျက် ဘောပင်အားနှာခေါင်းနှင့်ပါးစပ်ကြားညှပ်ကာပြောနေသည် "တခါတလေကျရင် သူတို့မှာအကြောင်းမဲ့ထိခိုက်ခံစားလိုက်ရရှာတာ။ အဲ့အချက်ကိုကျွန်မမှာအချိန်အကြာကြီးလက်ခံဖို့ခက်နေရော၊ ဘာလို့လဲ? ဘာလို့လူကောင်းတွေက 'ကံဆိုးလို့' ဆိုတာလေးတစ်ခွန်းနဲ့ အဲ့လိုတွေဖြစ်ရမှာလဲ? လူတစ်ယောက်က သူ့ဘဝတလျှောက်လုံးမှာ ရှင်သန်ဖို့ ကြိုးစားရုန်းကန်ခဲ့ပြီး ဘာလို့ ရုတ်တရတ်ထပေါ်လာတဲ့အမှိုက်ထုပ်ကြောင့် ဘဝကြီးကပြီးသွားရမှာလဲ ပေါ့။ ဒါပေမယ့် သေဆုံးသူကအပြစ်ရှိနေသူဖြစ်ပြီး အပြစ်ပေးခံရဖို့ထိုက်တန်နေသူဆိုရင်ကျ လူသတ်သမားလိုက်ရှာနေတဲ့ ကျွန်မတို့က သူ့ကိုကူညီပေးသလိုဖြစ်ပြီး- အ!"

လော့ဝမ်ကျိုးလက်ထဲမှစာရွက်ထပ်ကိုလိပ်လိုက်ကာ လန်ချောင်၏ခေါင်းနောက်ဖက်ကိုရိုက်လိုက်ပြီး ရှည်လျားသည့်မိန့်ခွန်းအားရပ်လိုက်၏။

လန်ချောင်သူမခေါင်းကိုပွတ်လိုက်ကာ "ဘာလို့ရိုက်ပြန်တာတုန်း? ကျွန်မပြောသမျှကလူသားတစ်ယောက်ခံစားရတတ်တဲ့ခံစားချက်တွေပဲကို။ ရဲလည်းလူပဲလေ!"

"လစာလိုချင်သေးလား?" လော့ဝမ်ကျိုးမေးလိုက်သည်။

လန်ချောင်ပြန်ဖြေ၏ ".....ဟုတ်..."

"လစာလိုချင်ရင် ကိုယ့်အလုပ်ကိုယ်လုပ်။ ဘာအယူအဆတွေမှာတမ်းခြွေနေတာလဲ?" လော့ဝမ်ကျိုးဝှိုက်ဘုတ်တစ်ခုကိုဆွဲထုတ်လိုက်သည်။ နဖူးတွင်လသဏ္ဍာန်အမာရွတ်ရှိသည့် လူငယ်တစ်ဦိးဓာတ်ပုံအောက်တွင် 'ဟယ်ကျုံးရိ၊ အမျိုးသား၊ အသက် ၁၈၊ ပစ္စည်းပို့သမား၊ H-စီရင်စု' စသည့် အခြေခံအချက်များချရေးလိုက်၏။

ထို့နောက် မြင့်မားသည့်အရပ်အားကိုးနှင့် ဝှိုက်ဘုတ်ကိုကျော်ကာ ရုံးခန်းပြတင်းမှန်ကိုဖြတ်ပြီး ဟယ်ကျုံးရိအမေကိုအဖော်ပြုပေးနေသည့် ဖေ့တုကိုလှမ်းအကဲခတ်လိုက်သည်။

စိတ်တွင်းဖတ်စာ (ဘာသာပြန်ဝတ္ထု)Where stories live. Discover now