ငါ့ရဲ့ပါပီလေးကတစ်ခုခုတော့ထူးဆန်းနေတယ်-တစ်

839 130 22
                                    

"အီခုပီခုရေ ငါပြန်ရောက်ပြီနော်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အီခုပီခုရေ ငါပြန်ရောက်ပြီနော်"

ဆောလ်နူး ကွန်ဒိုကိုပြန်ရောက်သည်နှင့် တံခါးကိုဖွင့်ပြီး အီခုကိုလှမ်းခေါ်လိုက်သည်။

"အယ် ဘယ်ရောက်နေပါလိမ့်နော်"

တံခါးနောက်မှာ ပုန်းနေတဲ့အရိပ်လေးကိုမြင်သော် ဆောလ်နူးမရယ်မိအောင်ထိန်းရင်း လိုက်ရှာနေဟန်ပြုသည်။

"အာ အီခုလေးက ငါ့ကိုထားခဲ့ပြီထင်ပါတယ်"

အတန်ကြာသည်သည့်ထွက်မလာသေးသောအီခုကြောင့် ဆက်တီခုံ‌ပေါ် သို့ ငိုမဲ့မဲ့မျက်နှာလုပ်၍ဝင်ထိုင်လိုက်သည်။

"ဝုတ် ဝုတ်"

ထိုအခါမှာ တံခါးနောက်မှ ထွက်လာကာ ဆက်တီခုံပေါ်က ဆောလ်နူး၏ပေါင်ပေါ်သို့ပြေးတတ်လာသည်။

"ဟော အီခုလေးကဒီမှာပဲ"

ပြောရင်းနှင့်ပင် လှမ်းဖက်လိုက်တော့ အီခုက ဆောလ်နူး၏လည်ပင်းကို နှာခေါင်းဖြင့်တရှုံ့ရှုံ့လုပ်လာသည်။

"အဲ့လိုမလုပ်နဲ့ အီခုရ...ယားတယ်လို့..ယားတယ်ဆိုကွာ"

ယခင်ကတိတ်ဆိတ်နေကြ ဆောလ်နူး၏ ကွန်ဒိုအခန်းလေးသည် ရယ်သံများ ပြည့်နှက်သွားသည်။

🐾🐾🐾

ရုံးတွင် မပြီးပျက်ခဲ့သော အလုပ်အိမ်စာများကို ညနေကလည်း ထိုင်လုပ်နေရသော်လည်း အခု‌ထိမပြီးပျက်သေး။

ဒီဇိုင်းနာဟုသာ အမည်ခံထားသော်လည်း အီဟီဆွန်းရဲ့ တောက်တိုမယ်ရလေးလိုဖြစ်နေသဖြင့် အီဟီဆွန်းလိုပင် ဆောလ်နူးလဲ အလုပ်များရသည်။

"ဟင် အီခု အိပ်ချင်နေပြီလား"

အသစ်ဝယ်လာပေးသော ဘောလုံးများနှင့် ဆော့နေသော အီခုသည် ပျင်းနေသည့်ထင် ဆောလ်နူးပေါင်ပေါ်သို့တတ်လာလေသည်။

ငါ့ရဲ့Hybirdကမူမှန်မနေဘူး!![Yunoo]Where stories live. Discover now