"ငါ့ညီလေးရယ် စိတ်မကောင်းလိုက်တာ"
ဟီဆွန်းဟျောင်းရဲ့ငါးကြိမ်မြောက် စနောက်သံကိုကြားပြီးနောက် ဆောလ်နူးသက်ပြင်းချလိုက်မိသည်။
"မင်းဟာကလည်းအခြေအနေဆိုးလိုက်တာ"
ရယ်နေရာကနေ သနားဂရုဏာအသံလေးဖြစ်သွားပုံက တကယ့်အမြင်ကတ်စရာလေး။
သူ့ပြောလည်းပြောစရာပဲ။အိမ်ကထွက်လာတုန်းကတော့ လက်ရှည်နဲ့လုံလုံခြုံခြုံဝတ်ခဲ့ပေမယ့် ရုံခန်းထဲရောက်တော့ မနေနိုင်ဘူးလေ အပေါ်ထပ်တွေကအကုန်ချွတ်ပြီး ရှပ်အဖြူနဲ့ပဲနေရတာဆိုတော့ တစ်ကိုယ်လုံးက ခပ်ညိုညိုအရာတွေပြည့်နေတာကို။
"ဘယ်လိုပဲဖြစ်ဖြစ်ပဲ မင်းကဂျိတ်ခ်ကိုချစ်တာပဲလေ တခြားဟာတွေကအရေးမကြီးပါဘူး"
ရုတ်တရပ်အတည်ပေါက်ကြီး ဖြစ်သွားပြန်တဲ့ ဟီဆွန်းဟျောင်းစကားတွေကလည် မှန်တော့မှန်နေပြန်သည်။
"မင်းသာမချစ်ရင် ဒီလောက်ထိငြိမ်ခံနေမှာ မဟုတ်ဘူးနော်
ဟီဆွန်းဟျောင်းက ရယ်သံစွတ်ရင်းပြောတော့ ဆောလ်နူးအနည်းငယ်ပင်ရှက်သွားရသည်။
ဆောလ်နူးလည်ပင်းက ကိုက်ရာတချို့ကိုမြင်တဲ့အခါမှတော့ ဟီဆွန်းဟျောင်းကတကယ်သနားသွားပုံရသည်။
ဂျိတ်ခ်က ဆောလ်နူးရဲ့လည်ပင်းကို စွဲလမ်းနေတာ...မဟုတ်သေးဘူး...သူကကိုက်ရတာကိုစွဲလမ်းနေတာ...
ကိုက်တယ်ဆိုတဲ့နေရာမှ ဟီဆွန်းဟျောင်းတို့၊ဂျောင်ဝန်းနီးတို့ဆီမှာတွေ့နေကြ မာကင်ရာတွေလိုမျိုးပေါ်အောင်ကိုက်တာမဟုတ်ဘူး။
တကယ်ကြီး သွားရာတွေပေါ်အောင် အတည်ကိုက်တာ!!!
ဆောလ်နူးတစ်နေကုန်အလုပ်လုပ်နေရင်းနှင့်ပင် ခန္ဓာကိုယ်ကနာကျင်နေတာတွေကိုပင်မေ့သွားရသည်။
အလုပ်များတယ် ဆိုပြီးညည်းညူနေပေမယ့် ဆောလ်နူးသဘောကျတဲ့အလုပ်မို့ ပင်ပန်းလည်းပျော်နေတုန်းပင်။
"ဆောလ်နူးရား ညစာစားသွားကြမလား..ဟော့ပေါ့?"
ရုံးဆင်းချိန်တွင် အိမ်ပြန်ရန်ကားပေါ်အတက်တွင် ဟီဆွန်းဟျောင်းက ဆောလ်နူး၏ပေါက်ပြဲနေသော အောက်နှုတ်ခမ်းကိုကြည့်၍ ပြောလေသည်။
YOU ARE READING
ငါ့ရဲ့Hybirdကမူမှန်မနေဘူး!![Yunoo]
FanfictionHybrid puppy Jake (a.k.a) ikeu × Human Kim Sunoo Written in Burmese By Choco_Milkshake