"ကျွန်တော့်ကိုခေါ်လိုက်တာမဟုတ်ဘူး"
"ရပါတယ်" ဆိုပြီးဂျယ်ယွန်းကိုခုံပေါ်ချလိုက်ကာ
"အရမ်းနောက်ကျနေပြီမို့ အိမ်ပြန်လိုက်ပါ"
"အာ..မဟုတ်တာ"
"ကားသော့ပေးပါ ကျွန်တော့်ဘာသာမောင်းသွားလိုက်ပါ့မယ်" ဆိုပြီးလက်ဖြန့်လိုက်တော့Driverလည်းကားသော့ပေးလိုက်ပြီး
"ကျေးဇူးပါဗျ"
"အိမ်ပြန်လို့အဆင်ပြေမယ်မလား?"
"ရပါတယ်ဗျနီးနီးလေးပဲဆိုတော့"
"ဂရုစိုက်ပြန်ပါ" ဆိုပြီးကားပေါ်တက်လိုက်၍ဂျယ်ယွန်းနိုးမှာစိုးရိမ်တော့ဖြေးဖြေးချင်းမောင်းသွားတော့တယ်...။
ဂျယ်ယွန်းတစ်ယောက်အအိပ်ကောင်းတာအရှေ့နဲ့သွားသွားဆောင့်မိပြီး ဆောင်းဟွန်းကလက်နဲ့ကာထားပေးကာ ဆောင်းဟွန်းလည်းလက်တစ်ဖက်တည်းနဲ့ပဲကားမောင်းပြီး
"သဘောအရမ်းကျတယ်" ဆိုပြီး
ဂျယ်ယွန်းကရေရွတ်နေခဲ့ကာ ဆောင်းဟွန်းကဂျယ်ယွန်းကော်လံကရေမွှေးကိုရှုရှိုက်လိုက်ပြီး လည်တိုင်လေးကိုနူးနူးညံ့ညံ့နမ်းလိုက်တာပေါ့...။ခနအကြာကျဂျယ်ယွန်းကနိုးလာကာ
"အိပ်လို့ကောင်းတဲ့ခေါင်းအုံးလေးပါလား?" ဆိုပြီးဆောင်းဟွန်းပခုံးကိုကိုင်ကြည့်တော့ထူးဆန်းနေတာနဲ့လှည့်ကြည့်လိုက်တော့တယ်...။
ဆောင်းဟွန်းမျက်နှာကိုနီးနီးကပ်ကပ်မြင်နေရတော့
"အားးး" ဆိုပြီးထအော်လိုက်ကာ
"အိမ်မရောက်သေးဘူးလား?"
"ဪ"
"အာဆောရီး အိမ်မှာအိပ်နေတယ်ထင်နေတာ"
"နည်းနည်းလှမ်းတာမို့ကြာလိမ့်မယ်
အိပ်ချင်ရင်ဆက်အိပ်လို့ရပါတယ်""ရပါတယ် ဒီလောက်ဒုက္ခပေးပြီးမှတော့ထပ်ဒုက္ခမပေးချင်တော့ပါဘူး"
YOU ARE READING
Replay ✓ || Sungjake🐧🐶
FanfictionCEO နဲ့အတွင်းရေးမှူးတို့ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းချိုချိုလေး~~💌