တခြားကုမ္ပဏီအသေးစားလေး၇ခုလောက်ထပ်ရှိပြီး ပိတ်ရက်တစ်နေ့ရဲ့မနက်ကျကားဘော်ဒီရုံကိုသွားရကာဂျယ်ယွန်းကိုပါတစ်ပါတည်းခေါ်သွားတာပေါ့...။
"သူဌေးလာပြီဟေ့" ဆိုပြီးအလုပ်သမားတစ်ယောက်ကအော်လိုက်တာနဲ့အားလုံးကလုပ်လက်စအလုပ်တွေကိုပစ်ချခဲ့ပြီးပြေးလာကြကာ လာနှုတ်ဆက်ကြတော့တယ်...။
ဂျယ်ယွန်းလည်းလူတွေကအရမ်းအများကြီးကအနားကိုဝုန်းခနဲရောက်လာကြတော့လန့်သွားပြီး
"ငါ့ကောင်လေးလန့်သွားပြီလေ"
"ကောင်လေး???"
"ငါတို့သူဌေးကကောင်လေးတောင်ရသွားပြီတဲ့"
"ကားတွေပြင်နေကြတာမလား?ဘာလို့ပြေးထွက်လာတာလဲ?"
"လာနှုတ်ဆက်တာပါဗျ"
"သွားအခု ကိုယ့်အလုပ်ကိုသွားလုပ်ကြ"
"ဟုတ်ကဲ့" ဆိုပြီးအလုပ်လုပ်တဲ့နေရာကိုပြန်သွားကြကာ
"အရင်အပတ်ကမလာဖြစ်ဘူးအလုပ်ရှုပ်နေတာနဲ့"
"နားလည်ပါတယ်ဗျာ စီးပွားရေးတွေကအများကြီးဆိုတော့"
"နှုတ်ဆက်လိုက်ဦးအိခု ဒါကကိုယ်အားကိုးရတဲ့တပည့်လေး"
"မင်္ဂလာပါဗျ"
"မင်္ဂလာပါ"
"ကိုယ်ကားပြင်နည်းလည်းသင်ပေးမယ်" ဆိုပြီးလက်ကိုကိုင်လိုက်ရင်းဆွဲခေါ်သွားလေရဲ့...။
"ကားပြင်တာကလွယ်တယ်"
"စွပ်ကျယ်လေးပစ်ပေးဦး""ကန်တော့နော်" ဆိုပြီးပစ်ပေးလိုက်ကာလှမ်းဖမ်းလိုက်ပြီး
"အွန်း ဒါလေးဝတ်" ဆိုပြီးကမ်းပေးလိုက်တော့ဂျယ်ယွန်းလည်းယူလိုက်တော့တယ်...။
ဆောင်းဟွန်းကအင်္ကျီကိုချွတ်ပြီးစွပ်ကျယ်အင်္ကျီကိုကောက်စွပ်လိုက်ကာ လက်မောင်းကြွက်သားတွေကပိုပေါ်လွင်သွားတာပေါ့...။
"အိခုလေးဝတ်လေ"
"ဟုတ်" ဆိုပြီးအင်္ကျီကိုချွတ်လိုက်တော့ဆောင်းဟွန်းကအရှေ့ကကာပေးကာ စွပ်ကျယ်လည်းဝတ်လိုက်ကောအရမ်းပွနေပြီး
YOU ARE READING
Replay ✓ || Sungjake🐧🐶
FanfictionCEO နဲ့အတွင်းရေးမှူးတို့ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းချိုချိုလေး~~💌