Chapter 1

259 40 3
                                    

မက်သရူးတစ်ဖက်လူရဲ့မျက်နှာအားစိတ်ပျက်လက်ပျက်နှင့်သာကြည့်နေမိသည်။မင်္ဂလာပွဲကျင်းပကြရင် များသောအားဖြင့်ပျော်ရွှင်နေကြပေမယ့် မက်သရူးအတွက်တော့ စိတ်ပျက်မှုတွေကသာကြီးစိုးနေသည်။

နှစ်ဦးသဘောတူလက်ထပ်မင်္ဂလာပွဲဟုသာအမည်ခံထားပြီး နှစ်ဦးထဲမှတစ်ဦးသည်ပျော်ရွှင်မှုအလျင်မရှိ။

မက်သရူးရဲ့တစ်ကိုယ်လုံးသည်ထုံထိုင်းနေပြီး
ဖာသာရဲ့စကားသံများဟာလည်း မကြားတစ်ချက်ကြားတစ်ချက်။

မက်သရူးရဲ့သတို့သားဟာ B cityရဲ့မြို့မျက်နှာဖုံးဖြစ်ပြီး မက်သရူးမှတ်မိတဲ့အတိုင်းဆို ဒီအမျိုးသားနဲ့သူ စကားကောင်းကောင်းပြောဖူးတာ ၃ခါလောက်ပဲရှိ၏။

မက်သရူးရဲ့အဒေါ်ဖြစ်သူနဲ့ မြို့မျက်နှာဖုံးသခင်လေးရှန်ကဘယ်လိုရင်းနှီးသွားသည်မသိ။အိမ်အဝင်အထွက်အမြဲရှိလာပြီး လက်ဆောင်တွေနဲ့ရောက်ရောက်လာတတ်သည်။မက်သရူးမှာ ရှန်သခင်လေးအား လစ်လျူရှု့ထားခဲ့သော်လည်း ဒီလိုနေ့မျိုးကိုရောက်လာခဲ့မယ်လို့ထင်မထားခဲ့။

လူတိုင်းအားကျရတဲ့ လက်ထပ်ပွဲဖြစ်ပြီး လူချမ်းသာတွေသာတက်ရောက်ကြတဲ့ပွဲဖြစ်ပေမယ့် မက်သရူးမှာတစ်ယောက်နဲ့မှသိမနေချေ။ဒီပွဲကြီးမြန်မြန်ပွဲပြီးဆုံးဖို့သာမက်သရူးမြန်မြန်ဆုတောင်းနေမိသည်။

မင်္ဂလာပွဲပြီးဆုံးချိန်တွင် မက်သရူးရဲ့တစ်ကိုယ်လုံးညောင်းကိုက်လို့နေသည်။မက်သရူး အန်တီမီရာကိုပင်နှုတ်မဆက်ရသေး။

ရှန်သခင်လေးကသူ့ရဲ့ကားအကောင်းစားကြီးပေါ်ခေါ်ချလာသည်။‌သူတို့နှစ်ယောက်ကြားကလေထုကတိတ်ဆိတ်နေပြီး အေးစက်စက်နိုင်သည်။

ရှန်သခင်လေးမောင်းလာတဲ့ကားက ခြံဝင်းကျယ်ကျယ်ထဲဝင်လာတော့မှ ရှန်သခင်လေးဘက်မှမက်သရူးအားစကားစလာသည်။

"ကိုယ် ကိုယ်တိုင်ဒီဇိုင်းဆွဲထားတာ မင်းသဘောကျရဲ့လား"

ရစ်ခီရှန်ရဲ့စကားကြောင့် မက်သရူးမှာအော်ရယ်လိုက်ချင်တော့သည်။သူ့သဘောထားက ရှန်သခင်လေးလိုလူတစ်ယောက်အတွက်အရေးကြီးလို့လား။

Lost in BlueWhere stories live. Discover now